world cup final

Sports

ကမ္ဘာ့ဖလားမတိုင်ခင်ကလပ်မှာထဲကပြဿနာရှိခဲ့တဲ့ဘာပေနှင့်မက်ဆီ

ကိုင်လီအမ်ဘာပေနှင့်လီယွန်နယ်မက်ဆီဟာ ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အဓိကဇာတ်လိုက်နှစ်ဦးဖြစ်ကြပါတယ်။ဒါပေမဲ့၎င်းတို့အကြားမှာလည်းအဖုအထစ်တွေကရှိနှင့်ပြီးသားဖြစ်ပါတယ်။ ယနေ့ညဗိုလ်လုပွဲထိပ်တိုက်တွေ့လာကြမဲ့မက်ဆီနှင့်ဘာပေတို့နဲ့ပတ်သက်ပြီးပြောကြဆွေးနွေးကြသူတွေအများကြီးပါ။ မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။တဖက်တွင်ဘာပေဟာလည်းကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ပြီး GOAT စာရင်းထဲဝင်ဖို့တာစူနေပါတယ်။ ဘာပေ ဟာပြီးခဲ့တဲ့မော်ရိုကိုနှင့်ဆီမီးပွဲအပြီးမှာပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်အင်္ကျီလှဲလှယ်ပြီးဥမင်လှိုဏ်ခေါင်းထဲမှာလည်းခင်ခင်မင်မင်နှင့်အချိန်အတန်ကြာစကားပြောခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ယနေ့ညဗိုလ်လုပွဲမှာတော့မက်ဆီနှင့်ဘက်ပေးတို့ရဲ့ပီအက်စ်ဂျီကစားဖော်အကြားယင်းသို့အဖြစ်အပျက်မျိုးမြင်တွေ့လာရဖို့တော့မရှိပါဘူး။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရဘက်ပေးနှင့်မက်ဆီတို့အကြားမှာပြဿနာတွေကရှိနှင့်ထားပြီးသားဖြစ်ကြောင်းသိရပါတယ်။ စပိန်သတင်းစာ El Pais ကဘာပေနှင့်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်တစ်နှစ်ကျော်ကြာတွဲကစားလာခဲ့ကြပေမဲ့လည်းပရော်ဖက်ရှင်နယ်ဆက်ဆံမှုကလွဲပြီးမပိုကြောင်းဖော်ပြလာပါတယ်။ ဘာပေဟာနေမာနှင့်အဆင်မပြေမှုနဲ့အတူ မက်ဆီနှင့်လည်းပုဂ္ဂိုလ်ရေးပိုင်းခင်မင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါ့အပြင်…

Sports

ကမ္ဘာ့ဖလားဗိုလ်လုပွဲဲနီးမှအဖျားရောဂါနဲ့ဒဏ်ရာရကစားသမားများလာလို့သောကပွေနေတဲ့ပြင်သစ်

ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရန်တစ်ရက်ကျော်မျှသာလိုတော့တဲ့အချိန်တွင်ပြင်သစ်အသင်းဟာ ဒဏ်ရာကြောင့်အနားယူနေရသူနှင့်ဖျားနေသူပမာဏတိုးမြှင့်လာပါတယ်။ ဒီဒီယာဒက်ချမ်ဟာတနင်္ဂနွေနေ့ညတွင်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါက၁၉၆၂ ဘရာဇီးနောက်ပိုင်းတွင်ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာပါမယ်။ ဒါပေမဲ့ပြင်သစ်ရင်ဆိုင်ရမဲ့အာဂျင်တီးနားတွင်လီယွန်နယ်မက်ဆီအကောင်းဆုံးပုံစံရရှိနေမှုနှင့်အတူလွယ်ကူမဲ့ပုံစံမှာမရှိပါဘူး။မက်ဆီဟာကမ္ဘာ့ဖလားဆုအပြင် Golden Ball ၊ Golden Bootကိုပါရယူလာဖို့ရှိနေပါတယ်။ ပိုပြီးတော့ဆိုးရွားတာကတော့ပြင်သစ်အသင်းဟာဗိုလ်လုပွဲမတိုင်မီဒဏ်ရာရရှိသူနှင့်နားဖျာသူအရေအတွက်တိုးလာတာဖြစ်ပါတယ်။ မော်ရိုကိုနှင့်ဆီမီးဖိုင်နယ်ပွဲမတိုင်မီအူပါမီကာနိုနှင့်ရာဘီယော့တို့ဖျားနာခဲ့သလိုကင်စလေကိုးမန်း၊ရာဖေးလ်ဗာရန်းနှင့်အီဘရာဟမ်ကိုနာတေးတို့လည်းဖျားနာလာနေကြပါတယ်။ ပြင်သစ်ဟာနေမကောင်းဖြစ်နေတဲ့ကစားသမားများကိုသီးသန့်နေထိုင်စေလျက်ရှိပါတယ်။ ဒါ့အပြင်ချူကွာမီနီနှင့်သီယိုဟာနန်ဒက်ဇ်တို့မှာလည်းဒဏ်ရာပြဿနာကြောင့် ပြင်သစ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းနိုင်ခြင်းမရှိပါဘူး။ အူပါမီကာနိုနှင့်ရာဘီယော့တို့မှာနေမကောင်းဖြစ်မှုမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူ…