ဖေ့စ်ဘုတ်အကောင့် ဟက်ခံရပြီးဟက်ကာက အပြာကားတင်ခဲ့တာခံလိုက်ရတဲ့ ဗန်ပါစီ
အာဆင်နယ်နှင့်မန်ချက်စတာယူနိက်တက် ဂန္ထဝင်ရော်ဘင်ဗန်ပါစီဟာသူ့ရဲ့ဖေ့စ် ဘုတ်စာမျက်နှာအဟက်ခံရပြီး ဟက်ကာက အပြာကားတင်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာချက် အလျှင်မြန်ပြုလုပ်လိုက်ရပါတယ်။ ရော်ဘင်ဗန်ပါစီရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ Follower ၁၈သန်းအထိရှိပြီးယင်းစာမျက်နှာတွင်အပြာကားတစ်ကားတင်လာမှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။ Star ရဲ့ဖော်ပြမှုအရရော်ဘင်ဗန်ပါစီရဲ့ဖေ့စ် ဘုတ်ပေ့ချ်တွင်ဗီဒီယိုင်ဖိုင်လေးဖိုင်တင်လာတာဖြစ်ပါတယ်။ဒါကြောင့်လည်းဗန်ပါစီကယင်းပို့စ်များကိုတင်သူမှာသူမဟုတ်ဘဲပေ့ချ်ကိုဟက်သွားတဲ့ ဟက်ကာကတင်ခဲ့ခြင်းဖြစ်ကြောင်းတွစ်တာကနေရှင်းလင်းမှုပြုလုပ်လာခဲ့ရပါတယ်။ ဗန်ပါစီဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝစတင်ရာဖီယင်နုတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။ သူဟာအင်္ဂလန်တွင်ကစားစဉ်အတွင်းယူနိုက်တက်၊အာဆင်နယ်တို့နှင့်အတူ…