qutar world cup 2022

Sports

ကမ္ဘာ့ဖလားမတိုင်ခင်ကလပ်မှာထဲကပြဿနာရှိခဲ့တဲ့ဘာပေနှင့်မက်ဆီ

ကိုင်လီအမ်ဘာပေနှင့်လီယွန်နယ်မက်ဆီဟာ ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အဓိကဇာတ်လိုက်နှစ်ဦးဖြစ်ကြပါတယ်။ဒါပေမဲ့၎င်းတို့အကြားမှာလည်းအဖုအထစ်တွေကရှိနှင့်ပြီးသားဖြစ်ပါတယ်။ ယနေ့ညဗိုလ်လုပွဲထိပ်တိုက်တွေ့လာကြမဲ့မက်ဆီနှင့်ဘာပေတို့နဲ့ပတ်သက်ပြီးပြောကြဆွေးနွေးကြသူတွေအများကြီးပါ။ မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။တဖက်တွင်ဘာပေဟာလည်းကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ပြီး GOAT စာရင်းထဲဝင်ဖို့တာစူနေပါတယ်။ ဘာပေ ဟာပြီးခဲ့တဲ့မော်ရိုကိုနှင့်ဆီမီးပွဲအပြီးမှာပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်အင်္ကျီလှဲလှယ်ပြီးဥမင်လှိုဏ်ခေါင်းထဲမှာလည်းခင်ခင်မင်မင်နှင့်အချိန်အတန်ကြာစကားပြောခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ယနေ့ညဗိုလ်လုပွဲမှာတော့မက်ဆီနှင့်ဘက်ပေးတို့ရဲ့ပီအက်စ်ဂျီကစားဖော်အကြားယင်းသို့အဖြစ်အပျက်မျိုးမြင်တွေ့လာရဖို့တော့မရှိပါဘူး။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရဘက်ပေးနှင့်မက်ဆီတို့အကြားမှာပြဿနာတွေကရှိနှင့်ထားပြီးသားဖြစ်ကြောင်းသိရပါတယ်။ စပိန်သတင်းစာ El Pais ကဘာပေနှင့်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်တစ်နှစ်ကျော်ကြာတွဲကစားလာခဲ့ကြပေမဲ့လည်းပရော်ဖက်ရှင်နယ်ဆက်ဆံမှုကလွဲပြီးမပိုကြောင်းဖော်ပြလာပါတယ်။ ဘာပေဟာနေမာနှင့်အဆင်မပြေမှုနဲ့အတူ မက်ဆီနှင့်လည်းပုဂ္ဂိုလ်ရေးပိုင်းခင်မင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါ့အပြင်…

Sports

အာဂျင်တီးနားကိုဖြုတ်ချဖို့ယုံကြည်ချက်ရှိတယ်ဆိုတဲ့ ခရိုအေးရှားနည်းပြ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာခရိုအေးရှားအသင်းဟာ အုပ်စုတွင်း ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ရသလိုရှုံးထွက်နဲ့ ကွာတားအဆင့်တွေမှာ ဂျပန် ဘရာဇီးအသင်းတွေကိုပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်မှာ နောက်ထပ်…

Sports

စူပါကွန်ပြူတာရဲ့ ကမ္ဘာ့ဖလားဆီမီး နှင့် ဖိုင်နယ်ဟောကိန်းများ

ကာတာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များရလဒ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲရလဒ်များကိုစူပါကွန်ပြူတာက ဟောကိန်းထုတ်ပေးလိုက်ပါပြီ။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ်အာဂျင်တီးနားနှင့်ခရိုအေးရှား၊ပြင်သစ်နှင့်မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံနေပါတယ်။ စူပါကွန်ပျူတာကကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များတွင်အာဂျင်တီးနားနှင့်ပြင်သစ်တို့အသီးသီးအနိုင်ရရှိပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်မယ်လို့ဟောကိန်းထုတ်သွားပါတယ်။ ဒီဇင်ဘာလ၁၈ရက်နေ့ Lusail Stadium ဗိုလ်လုပွဲတွင်ပြင်သစ်ကအာဂျင်တီးနားကိုအနိုင်ယူပြီးကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်သွားမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်လာပါတယ်။ တကယ်လို့များ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်သာဗိုလ်စွဲလာမယ်ဆိုရင်တော့ အီတလီ၊ဘရာဇီးတို့နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့တတိယမြောက်အသင်းဖြစ်လာပါမယ်။ ဟောကိန်းမှန်မမှန်ကိုတော့ ဘောပွဲတွေစောင့်ကြည့်ရင်း အားပေးကြပါစို့။  

Sports

ဆီမီးဖိုင်နယ်တက်မဲ့အသင်းတွေကို​ခန့်မှန်းပေးလိုက်တဲ့ခြင်္သေ့လေး

ကာတာနိုင်ငံမှာကျင်းပတဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှိန်ကောင်းလာမှုနှင့်အတူ တိရိစ္ဆာန်လေးများရဲ့ခန့်မှန့်းမှုတွေဟာလဲ အမြဲလိုလိုပေါ်ထွက်လာပါတယ်။ ယခုလဲဘောလုံးပွဲများတွင်အနိုင်ရမဲ့အသင်းကိုမှန်ကန်စွာရွေးချယ်ထားနိုင်တဲ့ခြင်္သေ့တစ်ကောင်ဟာစနေနေ့ညတွင်အင်္ဂလန်နှင့်ပြင်သစ်တို့ရင်ဆိုင်ကစားမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုဟောကိန်းထုတ်လာပါတယ်။ ထိုင်းနိုင်ငံ၊ Khon Khaen ရှိ တိရိစ္ဆာန်ဥယျာဉ်ထိန်းသိမ်းရေးသမားများရဲ့ပြောကြားမှုအရခြင်္သေ့ Chao Boy ဟာဘောလုံးပွဲများကိုခန့်မှန်းရာတွင်၉၀ရာခိုင်နှုန်းအထိမှန်ကန်ထားသူဖြစ်ကြောင်းသိရပါတယ်။ အသက်၉နှစ်အရွယ်ရှိခြင်္သေ့ဟာကြက်ပေါင်ချည်ထားတဲ့အလံနှစ်ခုမှ…

News

မက်ဆီကိုထိမ်းချုပ်ပြီးအာဂျင်တီးနားကိုအနိုင်ယူပြမယ်ဆိုတဲ့ဗန်ဟားလ်

နယ်သာလန်အသင်းက ၁၆သင်း ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် တစ်ဖက်မှာ ဩစတေးလျကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရလာတဲ့ အာဂျင်တီးနားနဲ့ကွာတားဖိုင်နယ် အဆင့်မှာ…

Sports

အကြိမ်တစ်ထောင်လေ့ကျင့်ခဲ့ပေမဲ့ပင်နတီတစ်လုံးမှမဝင်တဲ့စပိန်

ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှထွက်ခွာရမှုမှစပိန်အသင်းရှောင်လွဲနိုင်အောင်နည်းပြအင်းနရစ်က ပင်နယ်တီ အကြိမ် တစ်ထောင်လေ့ကျင့်စေခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုစပိန်အသင်းဟာအင်္ဂါနေ့ညတုန်းကမော်ရိုကိုကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။ မော်ရိုကိုဟာစပိန်ကိုပွဲချိန်နှင့်အချိန်ပိုတို့တွင်ဂိုးမရှိသရေကစားပြီးနောက်ပင်နယ်တီအဆုံးဖြတ်တွင်၃-၀ဂိုးဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့အံ့ဩသင့်ဖွယ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စပိန်အသင်းမှပါဘလိုဆာရာဘီယာ၊ကားလို့စ်ဆိုလာနှင့်အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဇ်တို့ပင်နယ်တီမဝင်ခဲ့ကြပါဘူး။ မော်ရိုကိုဘက်ကတော့ဆာဘီရီ၊ဟာကီမီနှင့်ဟာကမ်ဇီယက်ချ်တို့ပင်နယ်တီအသီးသီးဝင်ခဲ့ကြပါတယ်။ မော်ရိုကိုအသင်းဟာသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီးပေါ်တူဂီနှင့်ရင်ဆိုင်ကစားရပါမယ်။ မော်ရိုကိုနှင့်ပွဲမတိုင်မီစပိန်နည်းပြအင်းနရစ်ကယူရို၂၀၂၀တုန်းကအီတလီကိုပင်နယ်တီဖြင့်ရှုံးနိမ့်ကာထွက်ခွာရတာမျိုးမဖြစ်အောင် ကစားသမားများ ပင်နယ်တီကန်သွင်းမှုအနည်းဆုံးအကြိမ် တစ်ထောင်လေ့ကျင့်ခိုင်းထားကြောင်းပြောကြားခဲ့ဖူးပါတယ်။ စပိန်ကစားသမားများဟာပင်နယ်တီအကြိမ်တစ်ထောင်လေ့ကျင့်ထားခဲ့ကြပေမဲ့လည်းမော်ရိုကိုနှင့်ပွဲမှာအလုပ်မဖြစ်ဘဲတစ်လုံးမျှဝင်အောင်မကန်နိုင်ခဲ့ကြပါဘူး။ မော်ရိုကိုနှင့်ပွဲမတိုင်မီလူးဝစ်အင်းနရစ်က “သူတို့အိမ်စာလုပ်ကြပြီးပြီလို့ထင်တယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်စပိန်လေ့ကျင့်ရေးစခန်းတစ်ခုမှာတုန်းကသူတို့ကိုအနည်းဆုံးပင်နယ်တီကန်သွင်းမှုတစ်ထောင်လေ့ကျင့်ထားကြဖို့ပြောခဲ့တယ်။ ဒီကိုရောက်တော့မှပင်နယ်တီလေ့ကျင့်မယ်ဆိုရင်မလုံလောက်တော့ပါဘူး။ပင်နယ်တီတစ်ထောင်ကန်သွင်းမှုလေ့ကျင့်ထားမှသာစိတ်လှုပ်ရှားမှုမြင့်မားတဲ့အချိန်မျိုးမှာလိုရာသို့ရောက်အောင်ကန်သွင်းမယ်”လို့ပြောကြားခဲ့ပါတယ်။…

Sports

ဘရာဇီးအားမရှုမလှရှုံးနိမ့်ပြီးနောက် အသင်းနည်းပြရာထူးမှနှုတ်ထွက်သွားတဲ့တောင်ကိုရီးယားနည်းပြ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ တစ်သင်းပြီးတစ်သင်းထွက်ခွာရမှု နှင့်အတူ အသင်းနည်းပြများဟာလဲ တစ်ယောက်ပြီးတစ်ယောက်နှုတ် ထွက်လာခဲ့ကြရာ ယခုဆိုရင်လည်းတောင်ကိုရီးယားနည်းပြပေါ်လိုဘင်တိုဟာမနေ့ညတုန်းကဘရာဇီးကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှတောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရပြီးနောက် တောင်ကိုရီးယားနည်းပြရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်တောင်ကိုရီးယားနည်းပြရာထူးမှထွက်ခွာကာအနားယူရန်စဉ်းစားထားသူလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားဟာမနေ့ညတုန်းကဘရာဇီးနှင့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်လုံးဝယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းမှာပင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပြီး၄-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ ဘင်တိုက “စက်တင်ဘာလတုန်းကချထားတဲ့ဆုံးဖြတ်ချက်ကိုအဖွဲ့ချုပ်ဥက္ကဌနဲ့ကစားသမားတွေကိုအသိပေးလိုက်ပါပြီ။ဆုံးဖြတ်ချက်ကချပြီးသားပါ။အခုတော့အတည်ပြုလိုက်ပါပြီ”လို့ပြောကြားသွားပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဘင်တိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ရာထူးမှထွက်ခွာလာတဲ့တတိယမြောက်နည်းပြလည်းဖြစ်ပါတယ်။ဘင်တိုမတိုင်မီမက္ကဆီကိုနည်းပြမာတီနိုနှင့်ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်တို့ထွက်ခွာခဲ့ကြပြီးဖြစ်ပါတယ်။ နောက်ထပ်လဲ…

Sports

အဂ်လန်အသင်းအားနည်းပြမပါပဲရင်ဆိုင်ရတော့မဲ့ဆီနီဂေါအသင်း

နေမကောင်းမှုကြောင့်ဆီနီဂေါအသင်းရဲ့နည်းပြဆစ်ဆီဟာ လေ့ကျင့်ခန်းအစီအစဉ်ကိုဦးဆောင်နိုင်ခြင်းမရှိတဲ့အပြင်ယနေ့ညအင်္ဂလန်နှင့်ရင်ဆိုင်ကစားရမယ့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်းကြီးကြပ်လာနိုင်ဖွယ်မရှိကြောင်းသိရပါတယ်။ အသက်၄၆နှစ်ရှိဆစ်စီဟာနေမကောင်းဖြစ်လာတာရက်အနည်းငယ်ရှိပြီဖြစ်ပြီးဆီနီဂေါရဲ့အင်္ဂလန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့လည်းတက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူဟာစနေနေ့တုန်းကဆီနီဂေါရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုလည်းကြီးကြပ်နိုင်ခဲ့ခြင်းမရှိဘဲလက်ထောက်နည်းပြရီဂျစ်ဘိုဂတ်ကဦးဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့လက်ထောက်နည်းပြဘိုဂတ်ကတော့ဆစ်စီရဲ့ကျန်းမာရေးအခြေအနေမှာတိုးတက်နေတာကြောင့်အင်္ဂလန်နှင့်ပွဲစဉ်ကိုကြီးကြပ်လာနိုင်မဲ့အခြေအနေမျိုးတွင်ရှိနေကြောင်းအပြုသဘောဆောင်ဆိုသွားပါတယ်။ ဘိုဂတ်က “ဆစ်စီနေမကောင်းဖြစ်နေတယ်။ကိုယ်ပူချိန်အရမ်းမြင့်နေတော့သူ့အခြေအနေကိုအထူးသတိထားနေရတယ်။အခုဆိုဖျားလာတာရက်အနည်းငယ်ရှိပါပြီ။မနေ့ကလေ့ကျင့်ခန်းအစီအစဉ်ကိုကျွန်တော်တို့ ဦးဆောင်ခဲ့ရတယ်။ဒါပေမဲ့သူ့ညွှန်ကြားချက်အတိုင်းပဲကစားသမားတွေကိုလုပ်စေခဲ့တာပါ။ ပွဲမှာတော့ကစားသမားတွေကိုသူဦးဆောင်နိုင်ဖို့မျှော်လင့်ရပါတယ်။တကယ်လို့များအင်္ဂလန်ကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ကြီးကျယ်တဲ့အောင်မြင်မှုဖြစ်လာပါမယ်။၂၀၀၂အောင်ပွဲနဲ့နှိုင်းယှဉ်ရင်ဘယ်လောက်အထိအရေးပါလာမလဲမသိပါဘူး”လို့ပြောကြားသွားပါတယ်။ ဆစ်စီဟာလွန်ခဲ့တဲ့နှစ်၂၀တုန်းကဆိုးလ်တွင်ပြင်သစ်အသင်းကိုအနိုင်ရရှိတဲ့ဆီနီဂေါအသင်းတွင်ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။လက်ထောက်နည်းပြဘိုဂတ်မှာလည်းဆီနီဂေါအသင်းကို၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိဦးဆောင်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။နည်းပြမပါ အဓိကကစားသမားမာနေးမပါပဲ ဆီနီဂေါတို့ အဂ်လန်ကို ဘယ်လိုယှဥ်ပြိုင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့။  

Sports

မက်ဆီကိုလှောင်ပြောင်ပြီး၁၂စက္ကန့်အကြာမှာပဲအသံပိတ်ခံလိုက်ရတဲ့သြဇီပရိတ်သတ်များ

မနေ့ညက ဩစတြေးလျနဲ့အာဂျင်တီးနားတို့ရဲ့ ရှုံးထွက် ပွဲမှာလီယွန်နယ်မက်ဆီဟာ ဩစတြေးလျပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီးနောက် အချိန်ပိုင်းလေးအတွင်းမှာပဲ ဂိုးသွင်းယူပြီး တုံ့ပြန်ပြခဲ့ပါတယ်။ ဩစတြေးလျပရိသတ်တွေဟာ ဆော်ဒီပရိသတ်တွေ ပြုလုပ်ခဲ့တဲ့ “မက်ဆီဘယ်မှာလဲ” ဆိုတဲ့ ကြွေးကြော်သံတွေကို ကြိမ်ဖန်များစွာ…

Sports

အုပ်စုအဆင့်ထွက်ခဲ့ရပေမဲ့ကခုန်ပြီးအောင်ပွဲခံကြတဲ့ဂါနာပရိတ်သတ်များ

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဥရုဂွေးအသင်းကိုလည်းအုပ်စုအဆင့်မှထွက်ခွာရအောင်လုပ်ဆောင်နိုင်မှုနှင့်အတူ ဂါနာပရိတ်သတ်များဟာ အောင်ပွဲခံခဲ့ကြပါတယ်။ ဂါနာဟာဥရုဂွေးအသင်းကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဥရုဂွေးဟာဂါနာကိုအနိုင်ရရှိခဲ့ပေမဲ့လည်းတောင်ကိုရီးယားကပေါ်တူဂီကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနဲ့အတူ ပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။ ဂါနာပရိသတ်များဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဥရုဂွေးကိုလည်းထွက်ခွာရအောင်လုပ်ဆောင်နိုင်မှုနဲ့အတူ Al-Janoub Stadium တွင်အောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ ဂါနာပရိသတ်များဟာ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကွာတားဖိုင်နယ်အဆင့်မှထွက်ခွာရအောင်လုပ်ဆောင်ခဲ့တဲ့ဥရုဂွေး မှ ဆွာရက်ရဲ့ လုပ်ရပ် ကိုကလဲ့စားချေနိုင်မှုအတွက်အောင်ပွဲခံလာကြတာလည်းဖြစ်ပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဂါနာပရိသတ်များဟာ ပွဲအပြီးတွင်…