ဖီဖာမှနှုတ်ထွက်ရန်အခြားဥရောပအသင်းများနှင့်ဒိန်းမတ်အသင်းဆွေးနွေးမည်။
ဖီဖာမှနုတ်ထွက်ရေးအတွက်အခြားဥရောပဘောလုံးအဖွဲ့ချုပ်ဝင်များနှင့်ဆွေးနွေးမှုများပြုလုပ်ရန် ဒိန်းမတ်အသင်းက စီစဉ်နေပါတယ်။ဒိန်းမတ်၊အင်္ဂလန်၊ဂျာမနီ၊ဝေးလ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊နယ်သာလန်တို့နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရန်စီစဉ်ထားခဲ့ပေမဲ့လည်းအသင်းခေါင်းဆောင်များမှာကွင်းသို့ခြေမချမီမှာပင် အဝါကတ်ပြသခံရခြင်း(သို့မဟုတ်)ပွဲပယ်ခံရခြင်းကြုံရနိုင်တာကြောင့်နောက်ဆုတ်ခဲ့ရပါတယ်။ ယခုအခါဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂျက်စ်ပါမိုလ်လာကအင်္ဂလန်အပါအဝင်ဥရောပဘောလုံးအဖွဲ့ချုပ်ဝင်၅၅နိုင်ငံတို့နှင့်အတူ ဖီဖာထံမှ နုတ်ထွက်ရေးအတွက်ဆွေးနွေးလာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာ One Loveအသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပါက နိုင်ငံအသင်း ၇ သင်း…