အာဆင်နယ်

Sports

ဖေ့စ်ဘုတ်အကောင့် ဟက်ခံရပြီးဟက်ကာက အပြာကားတင်ခဲ့တာခံလိုက်ရတဲ့ ဗန်ပါစီ

အာဆင်နယ်နှင့်မန်ချက်စတာယူနိက်တက် ဂန္ထဝင်ရော်ဘင်ဗန်ပါစီဟာသူ့ရဲ့ဖေ့စ် ဘုတ်စာမျက်နှာအဟက်ခံရပြီး ဟက်ကာက အပြာကားတင်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာချက် အလျှင်မြန်ပြုလုပ်လိုက်ရပါတယ်။ ရော်ဘင်ဗန်ပါစီရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ Follower ၁၈သန်းအထိရှိပြီးယင်းစာမျက်နှာတွင်အပြာကားတစ်ကားတင်လာမှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။ Star ရဲ့ဖော်ပြမှုအရရော်ဘင်ဗန်ပါစီရဲ့ဖေ့စ် ဘုတ်ပေ့ချ်တွင်ဗီဒီယိုင်ဖိုင်လေးဖိုင်တင်လာတာဖြစ်ပါတယ်။ဒါကြောင့်လည်းဗန်ပါစီကယင်းပို့စ်များကိုတင်သူမှာသူမဟုတ်ဘဲပေ့ချ်ကိုဟက်သွားတဲ့ ဟက်ကာကတင်ခဲ့ခြင်းဖြစ်ကြောင်းတွစ်တာကနေရှင်းလင်းမှုပြုလုပ်လာခဲ့ရပါတယ်။ ဗန်ပါစီဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝစတင်ရာဖီယင်နုတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။ သူဟာအင်္ဂလန်တွင်ကစားစဉ်အတွင်းယူနိုက်တက်၊အာဆင်နယ်တို့နှင့်အတူ…

Sports

အာဆင်နယ်ကိုကစားသမားထပ်ရောင်းမှာမဟုတ်တော့တဲ့မန်စီးတီး

အာဆင်နယ် အသင်းထံသို့ မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ကစားသမားတွေကို နောက်ထပ်လုံးဝ ရောင်းချတော့မှာ မဟုတ်ကြောင်း Football Insider ရဲ့ ရေးသားချက်အရ သိရပါတယ် ။ မြောက်လန်ဒန် ကလပ် အာဆင်နယ်…

Sports

နွေရာသီမှာ အင်အားဖြည့်တင်းဖို့လိုနေပြီဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းထိုးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ ကစားသမားအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ မဖြစ်မနေကို လိုအပ်နေပြီလို့ ဘရိုက်တန်ကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့ ကာရာဘောင်ဖလားပွဲအပြီးမှာ ငြီးတွားခဲ့ပါတယ်။ လက်ရှိအာဆင်နယ်အသင်းဟာ…

Sports

အာတီတာက ဇန်နဝါရီလမှာ လူနှစ်ယောက်ဝယ်ပေးမယ်လို့ ကတိပြု

ပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရေးအတွက်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူအားဖြည့်နိုင်ရေးအစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလာပါတယ်။ နွေရာသီတုန်းကစားသမား၅ဦးခေါ်ယူအားဖြည့်ရာတွင်ပေါင်သန်း၁၂၀အထိ ဂန်းနားတို့က အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ်ဟာနွေရာသီတုန်းကဂါဘရီရယ်ဂျေဆူး၊အိုလက်ဇန္ဒားဇင်ချန်ကို၊ဖေဘီယိုဗီအဲရာ၊မတ်တန်နာနှင့်မာကွင်ဟို့စ်တို့ကိုခေါ်ယူအားဖြည့်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။ သို့ပေမဲ့အာတီတာဟာရာသီအကုန်အထိပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရန်အားခဲထားပါတယ်။ အာတီတာက “ဇန်နဝါရီအပြောင်းအရွှေ့မှာကစားသမားခေါ်ဖို့ကအရမ်းခက်တယ်။ဇန်နဝါရီအပြောင်းအရွှေ့ကအားလုံးသိတဲ့အတိုင်းပဲ။အခွင့်အရေးကလည်းနည်းတယ်။အချိန်ကလည်းတိုတောင်းတယ်။အခုကျွန်တော်တို့ရောက်နေတဲ့နေရာအရနောက်ထပ်ကမ္ဘာ့အဆင့်ကစားသမားလိုတယ်။ပြီးတော့ကစားသမားကလည်းဝယ်ယူနိုင်ဖို့ဈေးကွက်ထဲမှာရှိဖို့လိုတယ်။ကျွန်တော်တို့အားလုံးကိုကြည့်သွားမယ်။ဘာလုပ်နိုင်မလဲကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။ အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရအာဆင်နယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အာတီတာကိုကစားသမားအားဖြည့်ရန်ပေါင်သန်း၅၀အသုံးပြုခွင့်ပေးလာမှာဖြစ်ကြောင်းသိရပါတယ်။ အာတီတာဟာဇန်နဝါရီတွင် ကစားသမား…

Sports

ဂန်းနားဟောင်းအူဘာမီးယန်းရဲ့စိန်ခေါ်မှုကို လက်ခံပြီးတုံ့ပြန်စကားဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ

ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ကွန်းဖရင့်လိဂ်တွေ ရဲ့ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာတော့ အမှတ်ပေးလိဂ်တွေရဲ့ အလှည့်ကိုတဖန် ပြန်လည်လို့ ရောက်ရှိ လာခဲ့ပါပြီ ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး Vs…

Sports

ယခုလက်ရှိခြေစွမ်းကိုထိမ်းထားရုံဖြင့်စံချိန်တင်ရမှတ်နဲ့ဗိုလ်စွဲမဲ့အာဆင်နယ်

ယခုနှစ်​ဘောလုံးရာသီအကုန်တွင် ပရီးမီးယားလိဂ်စံချိန်တင်ရမှတ်ရယူပြီး ချန်ပီယံဖြစ်နိုင်မဲ့အခွင့်အရေးကို ဆင်ပျံကြီး အာဆင်နယ် ရရှိထားပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၁၂ပွဲတွင်ရမှတ်၅မှတ်တည်းသာဆုံးရှုံးထားရပြီး၁၀ပွဲနိုင်၊၁ပွဲသရေဖြင့်၁ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။ အာတီတာရဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်မနှစ်ကချန်ပီယံမန်စီးတီးကို ၂မှတ်ဖြတ်ပြီးဦးဆောင်ထားပါတယ်။ တကယ်လို့များအာဆင်နယ်ဟာယခုရာသီတွင်ကစားခဲ့တဲ့ခြေစွမ်းနှင့်ရလဒ်ကိုရာသီအကုန်အထိဆက်ထိန်းထားနိုင်မည်ဆိုပါကပရီးမီးယားလိဂ်စံချိန်တင်ရမှတ်၉၉မှတ်အထိရယူကာချန်ပီယံဖြစ်လာပါမယ်။ အာဆင်နယ်ရဲ့ယခင်ပရီးမီးယားလိဂ်တွင်အမြင့်မားဆုံးရမှတ်ရရှိခဲ့မှုက၁၉၉၂ခုနှစ်တုန်းကရမှတ်၉၀မှတ်ရယူနိုင်ခဲ့ပါတယ်။ယင်းစံချိန်ကိုအာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီမှလိုက်မီနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီတုန်းကရှုံးပွဲမရှိပေမဲ့လည်း၃၈ပွဲတွင်၁၂ပွဲအထိသရေကျမှုနှင့်အတူအမှတ်များစွာဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အာတီတာရဲ့ယခုရာသီအာဆင်နယ်ကတော့ရာသီအကုန်အထိလက်ရှိရလဒ်ပိုင်းကိုထိန်းထားနိုင်မည်ဆိုပါက ၉၉မှတ်ဖြင့်ချန်ပီယံဖြစ်မဲ့အပြင်ဒုတိယနေရာမှမန်စီးတီးကို၇မှတ်အထိဖြတ်ထားလာနိုင်ပါမယ်။ ပရိတ်သတ်တွေရော ဆင်ပျံကြီးအာဆင်နယ်…

Sports

အီးမရိတ်ကောင်းကင်ယံမှာထွန်းလင်းခဲ့တဲ့​ကြယ်ပွင့်လေးကြောင့်အပြုံးဝေဆာနေတဲ့အာတီတာ

အာဆင်နယ် အသင်းဟာ အီးမရိတ်ကွင်းကြီးထဲမှာ နော်တင်ဟမ် ဖောရက်စ်ကို ၅-ဝ နဲ့ ဂိုးပြတ် နိုင်တဲ့ ပွဲမှာ ဂန်းနားလူငယ်လေး ရေးစ် နယ်ဆန်ခြေစွမ်းပြပြီး ထင်ပေါ် နိုင်ခဲ့တဲ့ အတွက်…

News

PSVကိုရှုံးနိမ့်ပြီးနောက်အုပ်စုဗိုလ်ဖြစ်ဖို့ရုန်းကန်ရတော့မဲ့အာဆင်နယ်နှင့်လမ်းခရီးဖြောင့်ဖြူးနေတဲ့ အာဆင်နယ်အမျိုးသမီးအသင်း

အာဆင်နယ်အသင်းဟာယူရိုပါလိဂ် အုပ်စုပွဲစဥ်မှာ ပီအက်စ်ဗွီ ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုပထမနေရာ သေချာစေရေးအတွက် နိုဝင်ဘာ ၄ ရက်နေ့မှာ ဇူးရစ်ကို အနိုင်ကစားမှ ရပါတော့မယ်။ မိုက်ကယ်အာတီတာက…

News

လီဗာပူးပြီးရင် အာဆင်နယ်အလှည့်လာမယ်လို့ ကြုံးဝါးထားတဲ့ နော်တင်ဟမ် အသင်းခေါင်းဆောင်

ပရီးမီးယားလိဂ်အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ကမ္ဘာဖလားမတိုင်ခင် နောက်ဆုံးသောအမှတ်ပေးပွဲ ၃ ပွဲထဲက တစ်ပွဲအဖြစ် နော်တင်ဟမ် ဖောရက်စ်ကို ရင်ဆိုင်ရမှာဖြစ်တယ်။ ဆောက်သမ်တန်ပွဲမှာ သ​ရေကျခဲ့ပြီး ရမှတ် ၂မှတ်ဆုံးရှုံးခဲ့တာကြောင့်…

News

အာတီတာကသရေရလဒ်အတွက် စိတ်ပျက်ရပေမဲ့ သူ့ရဲ့ကြယ်ပွင့်တစ်ယောက်ကိုတော့အထင်ကြီးချီးကြူးခဲ့

ဆောက်သမ်တန်ကို ၁-၁ဖြင့် သရေကျခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေဆဲဖြစ်တဲ့ အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာက သရေ ရလဒ်ကို အရမ်းစိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမယ့် ဂန်းနားကွင်းလယ်ကစားသမား ရှာကာ ကို သူတကယ်သဘောကျမိကြောင်း ပြောကြားခဲ့ပါတယ်။…