အာဂျင်တီးနား

Sports

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဘယ်တော့စဖြန့်မှာလဲ

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဝတ်ဆင်နိုင်ဖို့အတွက်ဘောလုံးပရိတ်သတ်များဟာ ခရစ္စမတ်အပြီးအထိစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့အင်္ကျီသစ်တွင်ကမ္ဘာ့ဖလားသုံးကြိမ်ရမှုအဖြစ်ကြယ်သုံးလုံးပါဝင်လာပါမယ်။ အာဂျင်တီးနားဟာကာတာကမ္ဘာ့ဖလားချန်ပီယံမဖြစ်မီ၁၉၈၆နှင့်၁၉၇၈ခုနှစ်တို့တွင်လည်းကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ အာဂျင်တီးနားရဲ့အင်္ကျီသစ်မှာယခင်ဒီဇိုင်းအတိုင်းဖြစ်ပါတယ်။ဒါပေမဲ့ယခင်အင်္ကျီတွင်လိုဂိုအပေါ်ဘက်တွင်ကြယ်နှစ်ပွင့်ပါဝင်ပေမဲ့အင်္ကျီသစ်တွင်ကြယ်သုံးပွင့်ပါဝင်လာပါမယ်။ အာဂျင်တီးနားအတွက်အင်္ကျီထုတ်လုပ်ပေးနေတဲ့ Adidas ကအာဂျင်တီးနားအင်္ကျီသစ်ကိုလာမယ့်ဒီဇင်ဘာလ၂၈ရက်နေ့တွင်စတင်ရောင်းချသွားမယ်လို့ကြေညာလာပါတယ်။ အာဂျင်တီးနားအသင်းဟာမနေ့တုန်းကဗျူနိုအေးရိစ်တွင်ကမ္ဘာ့ဖလားလှည့်လည်အောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးပရိသတ်၄သန်းကျော်အထိကြိုဆိုအော င်ပွဲခံခဲ့ကြပါတယ်။ အာဂျင်တီးနားအင်္ကျီသစ်ဟာအမြောက်အမြားရောင်းချလာရရှိလာမယ်လို့ယုံကြည်ရပါတယ်။ မက်ဆီပရိတ်သတ်ဖြစ်တဲ့သူဆိုရင်တော့ ဝတ်ချင်ကြမှာ အသေချာပါ  

Sports

ငါးနှစ်အရွယ်ကလေးကိုးမားဝင်ပြီးလူတစ်ဦးသေဆုံးခဲ့တဲ့အာဂျင်တီးနားအောင်ပွဲခံပွဲ

ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်း လှည့်လည်အောင်ပွဲခံမှုကပရိသတ်များနှင့်ရဲများအကြားရန်ဖြစ်ပြီးအဆိုးရွားဆုံးပုံစံဖြင့်အဆုံးသတ်သွားခဲ့ပါတယ်။အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုကြောင့်လူတစ်ဦးသေဆုံးပြီးအသက်၅နှစ်အရွယ်ကလေးငယ်တစ်ဦးကိုးမားဖြစ်ခဲ့ပါတယ်။ ဗျူနိုအေးရိစ်တွင်အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံလှည့်လည်အောင်ပွဲခံမှုအားပရိသတ်၄.၂သန်းအထိလူပင်လယ်ကြီးဖြင့်ကြိုဆိုမှုပြုလုပ်ခဲ့ကြပြီးအဓိကရုဏ်းထိန်းရဲတို့ကတားဆီးမှုများပြုလုပ်ခဲ့ရပါတယ်။ အထူးသဖြင့်အာဂျင်တီးနားပရိသတ်အချို့တို့ကတံတားပေါ်မှခုန်ချကာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တက်ရန်ကြိုးပမ်းမှုပြုလုပ်ခြင်း၊ပရိသတ်များကလှောင်ပြောင်မှုများပြုလုပ်ခြင်းစတဲ့အရာများဖြစ်လာပြီးနောက်အခြေအနေဆိုးရွားသွားခဲ့တာလည်းဖြစ်ပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရပရိသတ်တစ်ဦးဟာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တံတားပေါ်မှခုန်ချရန်ကြိုးပမ်းရာမှာပေ၂၀အမြင့်မှပြုတ်ကျခဲ့တာတွေ့ရပါတယ်။ ယင်းနောက်ပိုင်းတွင်အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာလုံခြုံရေးပိုင်းစိုးရိမ်လာရမှုနဲ့အတူအမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံမှုကိုရပ်ဆိုင်းပြီးဟယ်လီကော်ပတာဖြင့်ထွက်ခွာသွားခဲ့ရပါတယ်။ ဒါ့အပြင်ပလာဇာဆန်မာတင်မှမတော်တဆမှုကြောင့်လည်းကလေးငယ်တစ်ဦးမှာခေါင်းဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိကာကိုးမားဖြစ်သွားခဲ့ကြောင်းသိရပါတယ်။ မီဒီယာများရဲ့ဖော်ပြချက်အရအောင်ပွဲခံစဉ်အတွင်းရုပ်တုတစ်ခုမှစကျင်ကျောက်ပဲ့ကျရာမှာကလေးငယ်ရဲ့ခေါင်းကိုထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရညပိုင်းတွင်းလည်းပရိသတ်များနှင့်ရဲတပ်ဖွဲ့ဝင်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတွေ့ရပါတယ်။ အလွန်ကျူးအောင်ပွဲခံတာက လူ့အသက်ဆုံးရှုံးရသည်အထိဖြစ်သွားတာတော့ စိတ်မကောင်းစရာပါ။  

Sports

ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အာဂျင်တီးနားရရှိမည့်ဆုကြေး​များ

တနင်္ဂနွေနေ့ညတုန်းကလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင်ဦးဆောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမှုနဲ့အတူအာဂျင်တီးနားအသင်းဟာဆုကြေးငွေပေါင်၃၅သန်းဝန်းကျင်ရရှိလာပါမယ်။ ယင်းဆုကြေးငွေပမာဏဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကရုရှားကမ္ဘာ့ဖလားချန်ပီယံပြင်သစ်တို့ရရှိတဲ့ပမာဏထက်ပေါင်၃သန်းပိုမိုများပြားတဲ့ပမာဏဖြစ်ပါတယ်။ ဗိုလ်လုပွဲတွင်ရှုံးနိမ့်ကာဒုတိယဆုဖြင့်ကျေနပ်ခဲ့ရတဲ့ပြင်သစ်မှာချန်ပီယံအာဂျင်တီးနားထက်ပေါင်၁၀သန်းလျှော့နည်းပြီးရရှိလာပါမယ်။ အာဂျင်တီးနားနှင့်ဒုတိယရရှိတဲ့ပြင်သစ်အကြားဆုကြေးများစွာကွာဟပေမဲ့ ပြင်သစ်နဲ့တတိယရရှိတဲ့ခရိုအေးရှားအကြားဆုကြေးကွာဟမှုကကျဉ်းမြောင်းပါတယ်။ ဒုတိယရရှိတဲ့ပြင်သစ်ကဆုကြေးငွေပေါင်၂၄သန်းရရှိပြီးတတိယရရှိတဲ့ခရိုအေးရှားကပေါင်၂၂သန်းရရှိပါမယ်။စတုတ္ထရရှိတဲ့မော်ရိုကိုကလည်းပေါင်၂၁သန်းရရှိပါမယ်။ ကွာတားဖိုင်နယ်ရောက်ပေါ်တူဂီ၊ဘရာဇီး၊အင်္ဂလန်နှင့်နယ်သာလန်တို့မှာလည်းဆုကြေးငွေပေါင်၁၄သန်းရရှိပါမယ်။ ၁၆သင်းအဆင့်တွင်ကျန်ခဲ့တဲ့အသင်းများမှာလည်းပေါင်၁၁သန်းရရှိပါမယ်။အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အသင်းများမှာလည်းပေါင်၇သန်းအထိရရှိမှာဖြစ်ပါတယ်။

Sports

ကမ္ဘာ့ဖလားဗိုလ်လုပွဲဲနီးမှအဖျားရောဂါနဲ့ဒဏ်ရာရကစားသမားများလာလို့သောကပွေနေတဲ့ပြင်သစ်

ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရန်တစ်ရက်ကျော်မျှသာလိုတော့တဲ့အချိန်တွင်ပြင်သစ်အသင်းဟာ ဒဏ်ရာကြောင့်အနားယူနေရသူနှင့်ဖျားနေသူပမာဏတိုးမြှင့်လာပါတယ်။ ဒီဒီယာဒက်ချမ်ဟာတနင်္ဂနွေနေ့ညတွင်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါက၁၉၆၂ ဘရာဇီးနောက်ပိုင်းတွင်ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာပါမယ်။ ဒါပေမဲ့ပြင်သစ်ရင်ဆိုင်ရမဲ့အာဂျင်တီးနားတွင်လီယွန်နယ်မက်ဆီအကောင်းဆုံးပုံစံရရှိနေမှုနှင့်အတူလွယ်ကူမဲ့ပုံစံမှာမရှိပါဘူး။မက်ဆီဟာကမ္ဘာ့ဖလားဆုအပြင် Golden Ball ၊ Golden Bootကိုပါရယူလာဖို့ရှိနေပါတယ်။ ပိုပြီးတော့ဆိုးရွားတာကတော့ပြင်သစ်အသင်းဟာဗိုလ်လုပွဲမတိုင်မီဒဏ်ရာရရှိသူနှင့်နားဖျာသူအရေအတွက်တိုးလာတာဖြစ်ပါတယ်။ မော်ရိုကိုနှင့်ဆီမီးဖိုင်နယ်ပွဲမတိုင်မီအူပါမီကာနိုနှင့်ရာဘီယော့တို့ဖျားနာခဲ့သလိုကင်စလေကိုးမန်း၊ရာဖေးလ်ဗာရန်းနှင့်အီဘရာဟမ်ကိုနာတေးတို့လည်းဖျားနာလာနေကြပါတယ်။ ပြင်သစ်ဟာနေမကောင်းဖြစ်နေတဲ့ကစားသမားများကိုသီးသန့်နေထိုင်စေလျက်ရှိပါတယ်။ ဒါ့အပြင်ချူကွာမီနီနှင့်သီယိုဟာနန်ဒက်ဇ်တို့မှာလည်းဒဏ်ရာပြဿနာကြောင့် ပြင်သစ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းနိုင်ခြင်းမရှိပါဘူး။ အူပါမီကာနိုနှင့်ရာဘီယော့တို့မှာနေမကောင်းဖြစ်မှုမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူ…

Sports

အာဂျင်တီနားကမ္ဘာ့ဖလားရအောင်စနစ်တကျစီစဥ်ထားတယ်လို့စွပ်စွဲလိုက်တဲ့ဘောလုံးပရိတ်သတ်များ

ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလီယွန်နယ်မက်ဆီနှင့်အာဂျင်တီးနားအတွက်အကွက်ချလုပ်ဆောင်ထားတဲ့ပြိုင်ပွဲဖြစ်ကြောင်းဘောလုံးပရိတ်သတ်များက စွပ်စွဲနေကြပါတယ်။ အာဂျင်တီးနားဟာဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။ခရိုအေးရှားနှင့်ပွဲတွင်အာဂျင်တီးနားဟာကမ္ဘာ့ဖလားခြောက်ပွဲတွင်လေးလုံးမြောက်ပင်နယ်တီရရှိပြီးနောက်ပရိသတ်များကအထက်ပါအတိုင်းစွပ်စွဲပြောဆိုလာကြတာလည်းဖြစ်ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာအထူးခြေစွမ်းပြကစားခဲ့ပြီးပင်နယ်တီမှတဆင့်ဦးဆောင်ဂိုးသွင်းခဲ့သလိုကစားဖော်ဂျူလီယန်အယ်ဗာရက်ဇ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာခရိုအေးရှားနှင့်ပွဲတွင်ပါဝင်ကစားပြီးနောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားထားသူ(၂၆ပွဲ)၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းထားသူ(၁၂ဂိုး)၊ကမ္ဘာ့ဖလားလေးပွဲ ဂိုး/ဖန်တီးမှု ပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမား၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားပွဲအများဆုံးကစားထားသူစတဲ့စံချိန်သစ်လေးခုရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဘောလုံးပရိသတ်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းအာဂျင်တီးနားရရှိတဲ့ပင်နယ်တီအရေအတွက်ကြောင့် မက်ဆီနှင့်အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်အကွက်ချလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။ အာဂျင်တီးနားဟာပင်နယ်တီလေးကြိမ်ရရှိထားပြီးယင်းမှသုံးဂိုးကိုလီယွန်နယ်မက်ဆီကသွင်းယူခဲ့ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားဟာဂျူလီယန်အယ်ဗာရက်ဇ်ကိုခရိုအေးရှားဂိုးသမားဒိုမီနစ်ခ်လီဗာကိုဗစ်ကဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက…

Sports

အာဂျင်တီးနားကိုအနိုင်ရခဲ့ပေမဲ့ ပေးဆပ်မှုကြီးမားခဲ့တဲ့ ဆော်ဒီနောက်တန်းကစားသမား

အာဂျင်တီးနားကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့သည့်ပွဲတွင်ဆော်ဒီလက်ရွေးစင်အသင်းကစားသမား ဘယ်နောက်ခံလူ Yasser Al-Shahrani အသင်းဖော် ဂိုးသမားရဲ့ ဒူးနဲ့ မျက်နှာကို ရိုက်မိပြီးဦးခေါင်းခွံတစ်ဝက်ကွဲသည်အထိဖြစ်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပါပြီ။ မနေ့ညနေကကစားခဲ့တဲ့၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာဂျင်တီးနားနဲ့ဆော်ဒီအာရေးဗီးယားတို့…

ပေါ်တူဂီ၊အဂ်လန်၊အင်ဂျင်တီးနားတို့ကိုခန့်မှန်းပေးလိုက်တဲ့စူပါကွန်ပြူတာ

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပေါ်တူဂီအသင်းကို စူပါကွန်ပျူတာကလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာအသည်းကွဲရ ပြီးထုံးစံအတိုင်း အသင်းခေါင်း​ဆောင် လတ်ပတ် လွှင့်ပစ်ရ မယ်လို့ဟောကိန်းထုတ်လာပါတယ်။ BCA Research ကအချက်အလက်များကို အခြေခံတွက် ချက်လာမှုအရ အာဂျင်တီးနားဟာ လီယွန်နယ်မက်ဆီရဲ့ ဦးဆောင်မှုနှင့်အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ…

News

မက်ဆီ ကမ္ဘာ့ဖလားရသွားမှာလုံးဝမမြင်ချင်ဘူးလို့ပြောကြားလိုက်တဲ့ ဘရာဇီးဂန္တဝင် ရော်နယ်ဒို

ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုက လာမယ့်နိုဝင်ဘာလအတွင်း ကာတာနိုင်ငံမှာကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီယွန်နယ်မက်ဆီကို ကမ္ဘာ့ဖလား မရစေချင်ကြောင်း သူ့ရဲ့အတွင်းစိတ်ကို လူသိရှင်ကြားတရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက်၄၆နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးသားကြီး ရော်နယ်ဒိုဟာ ကစားသမားဘဝတုန်းကဘာစီလိုနာ၊အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့တွင်ကစားခဲ့သူဖြစ်ပြီး ဘရာဇီးအတွက်…