ရော်နယ်ဒိုရဲ့အမြင့်ခုန်စံချိန်ကိုရိုက်ချိုးလိူက်တဲ့မော်ရိုကိုကစားသမား
မော်ရိုကိုဟာပေါ်တူဂီကို၁-၀ဂိုးဖြင့်အနိုင်ယူပြီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ထိုပွဲမှာမော်ရိုကိုအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုယူဆတ်ဖ်အန်နီဆီရီကအမြင့်ခုန်ခေါင်းတိုက်ဂိုးဖြင့်သွင်းယူသွားခဲ့ပါတယ်။ သူဟာခရစ္စတီယာနိုရော်နယ်ဒိုလိုမျိုးဂိုးနဲ့နောက်ခံလူတို့ထက်အမြင့်ခုန်ပြီးခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်။ ယခုအခါမှာတော့အန်နီဆီရီရဲ့ဂိုးကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမြင့်ခုန်ဂိုးစံချိန်ကိုရိုက်ချိုးလိုက်ပြီဖြစ်ကြောင်းအတည်ပြုနိုင်ပြီဖြစ်ပါတယ်။ မော်ရိုကိုကစားသမားဟာအမြင့်၉ပေ၊၁လက်ခခုန်ပြီးဂိုးသွင်းခဲ့ကာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်တင်အမြင့်ခုန်ဂိုးကိုရိုက်ချိုးလိုက်ပြီဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာဆမ်ဒိုးရီးယားနှင့်ပွဲမှာဂျူဗင်တပ်အတွက်၈ပေ၊၄လက်မအမြင့်ခုန်ပြီးဂိုးသွင်းယူခဲ့ပါတယ်။ ယခုအခါမော်ရိုကိုကစားသမားဟာခရစ္စတီယာနိုရော်နယ်ဒိုထက်၈လက်မပိုအမြင့်ခုန်ပြီးသွင်းယူကာစံချိန်သစ်တင်လိုက်ပြီဖြစ်ပါတယ်။ အန်နီဆီရီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာအရပ်အမြင့်၆ပေ၊၂လက်မစီတူညီကြသူတွေပါ။နှစ်ဦးလုံးတို့ဟာတူညီတဲ့အခြေအနေမျိုးကနေအံ့မခန်းအမြင့်ခုန်ပြီးခေါင်းတိုက်သွင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ကတော့ ကောင်းမွန်တဲ့ရက်သတ္တပတ်မဖြစ်ခဲ့ပါဘူး။