ကမ္ဘာ့ဖလားကိုလာရောက်အားပေးတဲ့အမျိုးသမီးပရိတ်သတ်များကိုsexyဆန်ဆန်ဝတ်လျှင်ထောင်ချမည်
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့ရောက်ရှိနေစဉ်အတွင်းအမျိုးသမီးပရိတ် သတ်များအနေဖြင့် ပုခုံးဖော်ထားတဲ့အင်္ကျီဝတ်ဆင်ခြင်း၊ချက်ဖော်အင်္ကျီဝတ်ဆင်ခြင်း အထူးသဖြင့် လိင်အသားပေးဖော်ပြတဲ့ အဝတ်များဝတ်ဆင်ခြင်း ပြုလုပ်ပါက ဒဏ်ငွေတင်မကထောင်ဒဏ်ကျခံရမယ့်အရေးနှင့်ပါကြုံတွေ့လာရနိုင်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကမွတ်စလင်နိုင်ငံတွင်ပထမဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီးတစ်ကမ္ဘာလုံးမှမတူကွဲပြားတဲ့ယဉ်ကျေးမှုနိုင်ငံမှရောက်လာမဲ့ပရိသတ်များအနေဖြင့်တင်းကြပ်လှတဲ့ဥပဒေနှင့်ရင်ဆိုင်ကြုံတွေ့လာရမှာလည်းဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့အပူချိန်မှာ၅၀ဒီဂရီအထိရှိလာနိုင်ပေမဲ့လည်းပရိသတ်များအနေဖြင့်အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ရန်အထူးသတိပြုရပါမယ်။ အထူးသဖြင့်အမျိုးသမီးပရိသတ်များအနေဖြင့်ပုခုံးပေါ်၊ချက်ပေါ်အဝတ်အစားများဝတ်ဆင်နိုင်မှာမဟုတ်တဲ့အပြင်ဘောင်းဘီတို၊တိုနှံ့နှံ့စကပ်တို့ကိုလည်းဝတ်ဆင်နိုင်မှာမဟုတ်ပါဘူး။ ကာတာရဲ့စည်းမျဉ်းအရအများသူငါသွားလာရာနေရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းကိုမြင်ရတဲ့အဝတ်အစားဝတ်ဆင်ပါကဖမ်းဆီးခြင်းခံရပါမယ်။ ဒါကြောင့်လည်းဖီဖာကအမျိုးသမီးပရိသတ်များအနေဖြင့်အဝတ်အစားဝတ်ဆင်ရာတွင်အထူးသတိထားရန်သတိပြုရပါမယ်။ အမျိုးသားထုကြီးအနေနဲ့တော့ မျက်စိအစာကျွေးဖို့…