အမ်ဘာပေ

Sports

သူ့ရဲ့ idolကြီးရော်နယ်ဒိုရဲ့ အင်စတာဂရမ်မှာ မှတ်ချက်ဝင်ပေးတဲ့ အမ်ဘာပေ

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မကြာသေးမီက အင်စတာဂရမ်ပို့စ်မှာ မှတ်ချက်ဝင်ပေးခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ကြေကွဲဖွယ်…

Sports

ဥမင်ထဲမှာ ဝေါ်ကာကိုနှုတ်ဆက်ခဲ့ပေမဲ့ အဖတ်လုပ်မခံရလို့အရှက်ကွဲခဲ့တဲ့အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ စနေနေ့ညက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဥမင်လျှောက်လမ်းထဲမှာ အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်ကာရဲ့ ရက်ရက်စက်စက် ချေမိုးခြင်းကို ခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် သွင်းဂိုး ၅ ဂိုး သွင်းယူပြီးနောက်…

Sports

ဟယ်ရီမက်ဂွိုင်းယားနဲ့ရင်ဆိုင်ရမှာကိုထိတ်လန့်နေတဲ့ အမ်ဘာပေ

ကမ္ဘာ့ဖလားပွဲစဥ်တွေ တဖြေးဖြေးပြီးဆုံးလာတာနဲ့အမျှ ဆုဖလားရယူနိုင်မဲ့အသင်းတွေလဲ တဖြေးဖြေးနဲ့ရုပ်လုံးပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ထိုအထဲမှာမှ ဥရောပတိုက်ရဲ့ အင်အားကြီး အုပ်စုနှစ်သင်းဖြစ်တဲ့ အဂ်လန် နဲ့ ပြင်သစ်တို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံကြပြီပဲဖြစ်ပါတယ်။ အဂ်လန်အသင်းဟာ ၁၆သင်းအုပ်စုအဆင့်မှာ အာဖရိကချန်ပီယံ ဆီနီဂေါအသင်းကို…

Sports

ပီလီ ကလိုဆေး မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့စံချိန်တွေကို တဖြေးဖြေးရိုက်ချိုးလာတဲ့ အမ်ဘာပေ

မနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိကာပြင်သစ်တို့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အမ်ဘာပေဟာ ပီလီရဲ့ကမ္ဘာ့ဖလားစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။ ကိုင်လီအမ်ဘာပေ ဟာပိုလန်နှင့်ပွဲမတိုင်မီကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသက်၂၄နှစ်ရှိကစားသမားများတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပီလီနှင့်၇ဂိုးဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီစတားဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်၉ဂိုးဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အသက်၂၄နှစ်အောက်ကစားသမားများတွင်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ် ခဲ့ပါတယ်။ ဘာပေဟာကမ္ဘာ့ဖလားပွဲ၁၁ပွဲကစားထားရာ မှာ၉ဂိုးသွင်းထားနိုင်တာဖြစ်ပြီးမက်ဆီရဲ့ကမ္ဘာ့ဖလား၅ကြိမ်သွင်းဂိုးပမာဏနှင့်အတူတူဖြစ်နေပြီးရော်နယ်ဒိုထက်တစ်ဂိုးပိုသာထားတာပါ။ သူဟာလာမယ့်ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်များတွင်ဂိုးများထပ်မံသွင်းယူနိုင်ကာဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဆိုပါက ပီလီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ဂိုးစံချိန်ကိုပါရိုက်ချိုးလာနိုင်ဖို့ရှိနေပါတယ်။ ဒါ့အပြင်သူဟာအသက်၂၃နှစ်အရွယ်တည်းသာရှိသေးသည့်အတွက် ကလိုဆေးရဲ့ကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့၁၆ဂိုးစံချိန်ကိုလည်းရိုက်ချိုးလာဖို့ရှိနေပါတယ်။ ဘာပေ ဟာပိုလန်နှင့်ပွဲတွင်ကိုယ်တိုင်နှစ်ဂိုးသွင်းခဲ့တဲ့အပြင်ဂျရူးကိုလည်းပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ ဂျရူးဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်…

News

နောက်ထပ်၃နှစ်ပီအက်စ်ဂျီအတွက်ကစားပေးလျှင်အသင်းပိုင်ရှင်ဖြစ်မဲ့အမ်ဘာပေ

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့ အမ်ဘာပီနဲ့ ပတ်သက်ပြီးပြင်သစ်သတင်းစာ Le Parisien က ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့စာချုပ် အကြောင်းကို အများသိအောင် ဖွင့်ချလိုက်ပါတယ်။ ဒီစာချုပ် အရဆိုရင်တော့…