အဂ်လန် vs ဆီနီဂေါ

Sports

အဂ်လန်အသင်းအားနည်းပြမပါပဲရင်ဆိုင်ရတော့မဲ့ဆီနီဂေါအသင်း

နေမကောင်းမှုကြောင့်ဆီနီဂေါအသင်းရဲ့နည်းပြဆစ်ဆီဟာ လေ့ကျင့်ခန်းအစီအစဉ်ကိုဦးဆောင်နိုင်ခြင်းမရှိတဲ့အပြင်ယနေ့ညအင်္ဂလန်နှင့်ရင်ဆိုင်ကစားရမယ့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်းကြီးကြပ်လာနိုင်ဖွယ်မရှိကြောင်းသိရပါတယ်။ အသက်၄၆နှစ်ရှိဆစ်စီဟာနေမကောင်းဖြစ်လာတာရက်အနည်းငယ်ရှိပြီဖြစ်ပြီးဆီနီဂေါရဲ့အင်္ဂလန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့လည်းတက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူဟာစနေနေ့တုန်းကဆီနီဂေါရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုလည်းကြီးကြပ်နိုင်ခဲ့ခြင်းမရှိဘဲလက်ထောက်နည်းပြရီဂျစ်ဘိုဂတ်ကဦးဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့လက်ထောက်နည်းပြဘိုဂတ်ကတော့ဆစ်စီရဲ့ကျန်းမာရေးအခြေအနေမှာတိုးတက်နေတာကြောင့်အင်္ဂလန်နှင့်ပွဲစဉ်ကိုကြီးကြပ်လာနိုင်မဲ့အခြေအနေမျိုးတွင်ရှိနေကြောင်းအပြုသဘောဆောင်ဆိုသွားပါတယ်။ ဘိုဂတ်က “ဆစ်စီနေမကောင်းဖြစ်နေတယ်။ကိုယ်ပူချိန်အရမ်းမြင့်နေတော့သူ့အခြေအနေကိုအထူးသတိထားနေရတယ်။အခုဆိုဖျားလာတာရက်အနည်းငယ်ရှိပါပြီ။မနေ့ကလေ့ကျင့်ခန်းအစီအစဉ်ကိုကျွန်တော်တို့ ဦးဆောင်ခဲ့ရတယ်။ဒါပေမဲ့သူ့ညွှန်ကြားချက်အတိုင်းပဲကစားသမားတွေကိုလုပ်စေခဲ့တာပါ။ ပွဲမှာတော့ကစားသမားတွေကိုသူဦးဆောင်နိုင်ဖို့မျှော်လင့်ရပါတယ်။တကယ်လို့များအင်္ဂလန်ကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ကြီးကျယ်တဲ့အောင်မြင်မှုဖြစ်လာပါမယ်။၂၀၀၂အောင်ပွဲနဲ့နှိုင်းယှဉ်ရင်ဘယ်လောက်အထိအရေးပါလာမလဲမသိပါဘူး”လို့ပြောကြားသွားပါတယ်။ ဆစ်စီဟာလွန်ခဲ့တဲ့နှစ်၂၀တုန်းကဆိုးလ်တွင်ပြင်သစ်အသင်းကိုအနိုင်ရရှိတဲ့ဆီနီဂေါအသင်းတွင်ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။လက်ထောက်နည်းပြဘိုဂတ်မှာလည်းဆီနီဂေါအသင်းကို၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိဦးဆောင်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။နည်းပြမပါ အဓိကကစားသမားမာနေးမပါပဲ ဆီနီဂေါတို့ အဂ်လန်ကို ဘယ်လိုယှဥ်ပြိုင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့။  

Sports

ဖီဖာရဲ့စည်းမျဥ်းချိုးဖောက်မှုကြောင့်စုံစမ်းစစ်ဆေးခံနေရတဲ့ ဆီနီဂေါ

အီကွေဒေါကိုအနိုင်ရရှိပြီးအုပ်စုအဆင့်မှ တက်ရောက်ခဲ့ပြီးနောက် ဆီနီဂေါအသင်းဟာ ဖီဖာစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ အလူဆစ်စီရဲ့ဆီနီဂေါဟာအုပ်စုနောက်ဆုံးပွဲတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာ ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့တွင်အင်္ဂလန်နှင့်ရင်ဆိုင် ကစားရပါမယ်။ ဒါပေမဲ့၎င်းတို့ဟာအီကွေဒေါကိုအနိုင်ရတဲ့ပွဲမတိုင်မီဖီဖာစည်းမျဉ်းချိုးဖောက်မှုနှင့်အတူဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ ဖီဖာရဲ့စည်းမျဉ်းအရပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့နည်းပြအပြင်ကစားသမားတစ်ဦးပါတက်ရောက်ရပါမယ်။ ဆစ်စီဟာပထမပွဲနှစ်ပွဲတုန်းကကစားသမားတစ်ဦးစီခေါ်ယူပြီးသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပေမဲ့အီကွေဒေါနှင့်ပွဲမတိုင်မီမှာတော့တစ်ဦးတည်းတက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်းဖီဖာကဆီနီဂေါအသင်းရဲ့စည်းကမ်းချိုးဖောက်မှုကိုစစ်ဆေးမှုပြုလုပ်နေကြောင်းကြေညာလာပါတယ်။ ဆီနီဂေါဟာပေါင်၈၈၀၀ဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ဂျာမနီဟာလည်းစပိန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့ကစားသမားခေါ်ဆောင်လာခြင်းမရှိမှုကြောင့်ပေါင်၈၈၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။…