အာဂျင်တီနားကမ္ဘာ့ဖလားရအောင်စနစ်တကျစီစဥ်ထားတယ်လို့စွပ်စွဲလိုက်တဲ့ဘောလုံးပရိတ်သတ်များ
ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလီယွန်နယ်မက်ဆီနှင့်အာဂျင်တီးနားအတွက်အကွက်ချလုပ်ဆောင်ထားတဲ့ပြိုင်ပွဲဖြစ်ကြောင်းဘောလုံးပရိတ်သတ်များက စွပ်စွဲနေကြပါတယ်။ အာဂျင်တီးနားဟာဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။ခရိုအေးရှားနှင့်ပွဲတွင်အာဂျင်တီးနားဟာကမ္ဘာ့ဖလားခြောက်ပွဲတွင်လေးလုံးမြောက်ပင်နယ်တီရရှိပြီးနောက်ပရိသတ်များကအထက်ပါအတိုင်းစွပ်စွဲပြောဆိုလာကြတာလည်းဖြစ်ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာအထူးခြေစွမ်းပြကစားခဲ့ပြီးပင်နယ်တီမှတဆင့်ဦးဆောင်ဂိုးသွင်းခဲ့သလိုကစားဖော်ဂျူလီယန်အယ်ဗာရက်ဇ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာခရိုအေးရှားနှင့်ပွဲတွင်ပါဝင်ကစားပြီးနောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားထားသူ(၂၆ပွဲ)၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းထားသူ(၁၂ဂိုး)၊ကမ္ဘာ့ဖလားလေးပွဲ ဂိုး/ဖန်တီးမှု ပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမား၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားပွဲအများဆုံးကစားထားသူစတဲ့စံချိန်သစ်လေးခုရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဘောလုံးပရိသတ်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းအာဂျင်တီးနားရရှိတဲ့ပင်နယ်တီအရေအတွက်ကြောင့် မက်ဆီနှင့်အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်အကွက်ချလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။ အာဂျင်တီးနားဟာပင်နယ်တီလေးကြိမ်ရရှိထားပြီးယင်းမှသုံးဂိုးကိုလီယွန်နယ်မက်ဆီကသွင်းယူခဲ့ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားဟာဂျူလီယန်အယ်ဗာရက်ဇ်ကိုခရိုအေးရှားဂိုးသမားဒိုမီနစ်ခ်လီဗာကိုဗစ်ကဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက…