ဟာလန်း

Sports

ပီလီ ကလိုဆေး မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့စံချိန်တွေကို တဖြေးဖြေးရိုက်ချိုးလာတဲ့ အမ်ဘာပေ

မနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိကာပြင်သစ်တို့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အမ်ဘာပေဟာ ပီလီရဲ့ကမ္ဘာ့ဖလားစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။ ကိုင်လီအမ်ဘာပေ ဟာပိုလန်နှင့်ပွဲမတိုင်မီကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသက်၂၄နှစ်ရှိကစားသမားများတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပီလီနှင့်၇ဂိုးဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီစတားဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်၉ဂိုးဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အသက်၂၄နှစ်အောက်ကစားသမားများတွင်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ် ခဲ့ပါတယ်။ ဘာပေဟာကမ္ဘာ့ဖလားပွဲ၁၁ပွဲကစားထားရာ မှာ၉ဂိုးသွင်းထားနိုင်တာဖြစ်ပြီးမက်ဆီရဲ့ကမ္ဘာ့ဖလား၅ကြိမ်သွင်းဂိုးပမာဏနှင့်အတူတူဖြစ်နေပြီးရော်နယ်ဒိုထက်တစ်ဂိုးပိုသာထားတာပါ။ သူဟာလာမယ့်ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်များတွင်ဂိုးများထပ်မံသွင်းယူနိုင်ကာဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဆိုပါက ပီလီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ဂိုးစံချိန်ကိုပါရိုက်ချိုးလာနိုင်ဖို့ရှိနေပါတယ်။ ဒါ့အပြင်သူဟာအသက်၂၃နှစ်အရွယ်တည်းသာရှိသေးသည့်အတွက် ကလိုဆေးရဲ့ကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့၁၆ဂိုးစံချိန်ကိုလည်းရိုက်ချိုးလာဖို့ရှိနေပါတယ်။ ဘာပေ ဟာပိုလန်နှင့်ပွဲတွင်ကိုယ်တိုင်နှစ်ဂိုးသွင်းခဲ့တဲ့အပြင်ဂျရူးကိုလည်းပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ ဂျရူးဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်…

Sports

ဟာလန်းဂိုးမသွင်းအောင်ထိမ်းပြခဲ့တဲ့လျှို့ဝှက်ချက်ကိုဖွင့်ဟလိုက်တဲ့ဘရန်ဖို့နည်းပြ

မန်စီးတီးကိုမထင်မှတ်ဘဲအနိုင်ရတဲ့ပွဲတွင်အာလင်းဟာလန်းဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့တတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးနောက် အာလင်းဟာလန်းကိုဘယ်လို တားဆီးခဲ့သလဲ ဆိုတာကို ဘရန်ဖို့နည်းပြ သောမတ်စ်ဖရန့်က ဖွင့်ဟလာပါတယ်။ အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှမန်စီးတီးသို့ပြောင်းရွှေ့လာပြီးနောက်ကြောက်ခမန်းလိလိဂိုးသွင်းပြနေသူလည်းဖြစ်ပါတယ်။ သူဟာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၂ပွဲတည်းသာကစားခဲ့ရာမှာ၁၈ဂိုးအထိသွင်းထားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မတိုင်မီ ပရီးမီးယားလိဂ်တွင်အာလင်းဟာလန်းကို ဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့အသင်းများအဖြစ်ဘုန်းမောက်နှင့်လီဗာပူးတို့သာရှိခဲ့ပါတယ်။လီဗာပူးမှာအာလင်းဟာလန်းကိုဖန်တီးနိုင်မှုနှင့် ဂိုးသွင်းနိုင်မှု မပြုလုပ်နိုင်အောင်တားဆီးနိုင်တဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။ စနေနေ့တုန်းကပွဲစဉ်မှာလည်းသောမတ်စ်ဖရန့်ရဲ့ဘရန့်ဖို့ဒ်ဟာမန်စီးတီးကိုမထင်မှတ်ဘဲဦးဆောင်နိုင်ခဲ့ပြီးအိုင်ဗန်တိုနေးရဲ့နာကျင်အချိန်ပိုဂိုးကြောင့်၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။ဘရန့်ဖို့ဒ်ဟာအာလင်းဟာလန်းကိုဂိုးသွင်းမှုနှင့် ဖန်တီးနိုင်ခြင်းမရှိအောင်တားဆီးနိုင်တဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ကလပ်ဖြစ်လာပါတယ်။…

Sports

ဒုတိယပိုင်းမှာ ၃ ဂိုးသွင်းနိုင်ပေမယ့် ဟာလန်း နှင့် ဖိုရမ် ရဲ့ ခန်းနားမှု့အောက်မှာ ကျရှုံးခဲ့ရတဲ့ မန်ယူ

မန်ချက်စတာဒါဘီပွဲကမှာတော့ စီးတီးက ယူနိုက်တက်ကို သာသာယာယာ သက်တောင့်သက်သာပဲ ကစားပြီး (၆ – ၃) ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။ သရဲနီတို့အနေနဲ့ အိမ်နီးချင်းပြိုင်ဘက်ကို အဘက်ဘက်က လုံးဝမယှဉ်နိုင်ခဲ့ပဲ ဒူးထောက်…

Sports

မန်စီးတီး ဂိုးသွင်းစက် ဟာလန်းကို ဂိုးသွင်းခွင့် လုံးဝမရအောင် ထိန်းချုပ်ရမယ့်ဗျူဟာကို အကြံပေးလိုက်တဲ့ ရွန်းနီ

မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးရဲ့ ဟာလန်းကို ထိန်းချုပ်နိုင်ရင် ယူနိုက်တက်တို့ အနိုင်ရဖို့ရာ အခွင့်အရေးကောင်း ရှိနေပါတယ်လို့ ဝိန်းရွန်းနီက ပြောဆိုလိုက်ပါတယ်။ သြဂုတ်လတုန်းက ဘရန့်န်ဖိုဒ့်ကို ၄-၀ နဲ့ အရေးနိမ့်ပြီးကတည်းက ရှုံးပွဲ…