သောမတ်စ်ဖရန့်

Sports

ဟာလန်းဂိုးမသွင်းအောင်ထိမ်းပြခဲ့တဲ့လျှို့ဝှက်ချက်ကိုဖွင့်ဟလိုက်တဲ့ဘရန်ဖို့နည်းပြ

မန်စီးတီးကိုမထင်မှတ်ဘဲအနိုင်ရတဲ့ပွဲတွင်အာလင်းဟာလန်းဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့တတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးနောက် အာလင်းဟာလန်းကိုဘယ်လို တားဆီးခဲ့သလဲ ဆိုတာကို ဘရန်ဖို့နည်းပြ သောမတ်စ်ဖရန့်က ဖွင့်ဟလာပါတယ်။ အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှမန်စီးတီးသို့ပြောင်းရွှေ့လာပြီးနောက်ကြောက်ခမန်းလိလိဂိုးသွင်းပြနေသူလည်းဖြစ်ပါတယ်။ သူဟာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၂ပွဲတည်းသာကစားခဲ့ရာမှာ၁၈ဂိုးအထိသွင်းထားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မတိုင်မီ ပရီးမီးယားလိဂ်တွင်အာလင်းဟာလန်းကို ဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့အသင်းများအဖြစ်ဘုန်းမောက်နှင့်လီဗာပူးတို့သာရှိခဲ့ပါတယ်။လီဗာပူးမှာအာလင်းဟာလန်းကိုဖန်တီးနိုင်မှုနှင့် ဂိုးသွင်းနိုင်မှု မပြုလုပ်နိုင်အောင်တားဆီးနိုင်တဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။ စနေနေ့တုန်းကပွဲစဉ်မှာလည်းသောမတ်စ်ဖရန့်ရဲ့ဘရန့်ဖို့ဒ်ဟာမန်စီးတီးကိုမထင်မှတ်ဘဲဦးဆောင်နိုင်ခဲ့ပြီးအိုင်ဗန်တိုနေးရဲ့နာကျင်အချိန်ပိုဂိုးကြောင့်၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။ဘရန့်ဖို့ဒ်ဟာအာလင်းဟာလန်းကိုဂိုးသွင်းမှုနှင့် ဖန်တီးနိုင်ခြင်းမရှိအောင်တားဆီးနိုင်တဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ကလပ်ဖြစ်လာပါတယ်။…