ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဝေးလ်လက်ရွေးစ်အသင်းဟာ အမည်ပြောင်းလဲရန်စဉ်းစားနေပြီးအမည်ပြောင်းလဲရေးနှင့်ပတ်သက်၍ယူအီးအက်ဖ်အေနှင့်လည်းဆွေးနွေးထားပြီးဖြစ်ကြောင်းသိရပါတယ်။ ရော့ဘ်ပေ့ချ်ရဲ့ဝေးလ်ဟာ၆၄နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပါတယ်။၎င်းတို့ဟာပလေးအော့ဖ်တွင်ဩစတြီးယား၊ယူကရိန်းတို့ကိုအနိုင်ယူကာခြေစစ်ပွဲအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။ ဝေးလ်ဟာနောက်ဆုံးအကြိမ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ၁၉၅၈ခုနှစ်တုန်းကဖြစ်ပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလားအုပ်စု(ခ)တွင်အင်္ဂလန်၊အီရန်၊အမေရိကန်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။ ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြလာမှုအရဝေးလ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဝေးလ်အမည်ကိုမသုံးတော့ဘဲ Cymru ဆိုတဲ့အမည်ကိုအသုံးပြုရန်စီစဉ်နေကြောင်းသိရပါတယ်။ Cymru အမည်မှာ ဝေးလ်နိုင်ငံအတွင်းတွင်ဝေးလ်အသင်းကိုခေါ်ဝေါ်တဲ့အမည်ဖြစ်ပါတယ်။ဒါပေမဲ့ကျန်တကမ္ဘာလုံးကတော့ဝေးလ်လို့သာခေါ်ဝေါ်ပါတယ်။ လက်ရှိအချိန်တွင်ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဟာ…