ဝီဂန်အသင်းရဲ့နည်းပြချုပ်အဖြစ်ခန့်အပ်ခံရတော့မဲ့ကိုလိုတိုရေး
ကိုလိုတိုရေးကိုနည်းပြချုပ်အဖြစ် ခန့်အပ်ကာဘောလုံးလောကတစ်ခုလုံးကိုအံ့ဩသင့်အောင် ချန်ပီယံရှစ်ကလပ် ဝီဂန်အသင်းက လုပ်ဆောင်လာ တော့မှာဖြစ်ပါတယ်။ ဝီဂန်အသင်းပိုင်ရှင်တာလာအယ်ဟမ်မက်ဟာလက်စတာစီးတီး တွင်နည်းပြအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကိုလိုတိုရေးကိုခန့်အပ်ရေးဆွေးနွေးရန်အတွက်လန်ဒန်သို့ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ဝီဂန်ဟာကိုလိုတိုရေးကိုခန့်အပ်ရေးမကြိုးပမ်းမီ ညီဖြစ်သူယာယာတိုရေးကိုခန့်အပ်ရန်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ယာယာတိုရေးဟာဝီဂန်ရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီးစပါးစ်ယူ-၁၆အသင်းကိုသာဆက်လက်ကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လို့များအသက်၄၁နှစ်ရှိကိုလိုတိုရေးသာဝီဂန်နည်းပြအဖြစ်ခန့်အပ်ခြင်းခံလာရပါက၎င်းမှာအင်္ဂလိပ်စီနီယာဘောလုံးလောကတွင်ပထမဆုံးခန့်အပ်ခြင်းခံအပ်ခံလာရတဲ့ပထမဆုံးအာဖရိကနိုင်ငံသားနည်းပြဖြစ်လာပါမယ်။ လက်ရှိဝီဂန်အသင်းဟာ၂၁ပွဲကစားပြီးချိန် ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့အဆင့် ၂၂နေရာမှာရပ်တည်ပြီး လိဂ်၁…