လှည့်လည်အောင်ပွဲခံတဲ့အာဂျင်တီးနား

Sports

ငါးနှစ်အရွယ်ကလေးကိုးမားဝင်ပြီးလူတစ်ဦးသေဆုံးခဲ့တဲ့အာဂျင်တီးနားအောင်ပွဲခံပွဲ

ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်း လှည့်လည်အောင်ပွဲခံမှုကပရိသတ်များနှင့်ရဲများအကြားရန်ဖြစ်ပြီးအဆိုးရွားဆုံးပုံစံဖြင့်အဆုံးသတ်သွားခဲ့ပါတယ်။အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုကြောင့်လူတစ်ဦးသေဆုံးပြီးအသက်၅နှစ်အရွယ်ကလေးငယ်တစ်ဦးကိုးမားဖြစ်ခဲ့ပါတယ်။ ဗျူနိုအေးရိစ်တွင်အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံလှည့်လည်အောင်ပွဲခံမှုအားပရိသတ်၄.၂သန်းအထိလူပင်လယ်ကြီးဖြင့်ကြိုဆိုမှုပြုလုပ်ခဲ့ကြပြီးအဓိကရုဏ်းထိန်းရဲတို့ကတားဆီးမှုများပြုလုပ်ခဲ့ရပါတယ်။ အထူးသဖြင့်အာဂျင်တီးနားပရိသတ်အချို့တို့ကတံတားပေါ်မှခုန်ချကာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တက်ရန်ကြိုးပမ်းမှုပြုလုပ်ခြင်း၊ပရိသတ်များကလှောင်ပြောင်မှုများပြုလုပ်ခြင်းစတဲ့အရာများဖြစ်လာပြီးနောက်အခြေအနေဆိုးရွားသွားခဲ့တာလည်းဖြစ်ပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရပရိသတ်တစ်ဦးဟာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တံတားပေါ်မှခုန်ချရန်ကြိုးပမ်းရာမှာပေ၂၀အမြင့်မှပြုတ်ကျခဲ့တာတွေ့ရပါတယ်။ ယင်းနောက်ပိုင်းတွင်အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာလုံခြုံရေးပိုင်းစိုးရိမ်လာရမှုနဲ့အတူအမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံမှုကိုရပ်ဆိုင်းပြီးဟယ်လီကော်ပတာဖြင့်ထွက်ခွာသွားခဲ့ရပါတယ်။ ဒါ့အပြင်ပလာဇာဆန်မာတင်မှမတော်တဆမှုကြောင့်လည်းကလေးငယ်တစ်ဦးမှာခေါင်းဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိကာကိုးမားဖြစ်သွားခဲ့ကြောင်းသိရပါတယ်။ မီဒီယာများရဲ့ဖော်ပြချက်အရအောင်ပွဲခံစဉ်အတွင်းရုပ်တုတစ်ခုမှစကျင်ကျောက်ပဲ့ကျရာမှာကလေးငယ်ရဲ့ခေါင်းကိုထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရညပိုင်းတွင်းလည်းပရိသတ်များနှင့်ရဲတပ်ဖွဲ့ဝင်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတွေ့ရပါတယ်။ အလွန်ကျူးအောင်ပွဲခံတာက လူ့အသက်ဆုံးရှုံးရသည်အထိဖြစ်သွားတာတော့ စိတ်မကောင်းစရာပါ။