စပိန်လူမျိုးနည်းပြ လိုပက်ဇ်တီဂူကို နည်းပြခန့်လိုက်တဲ့ ဝုဗ်ဗာဟမ်တန်
စပိန်လူမျိုးနည်းပြဂျူလန်လိုပက်ဇ်တီဂူကို ဝုဖ်ဗာဟမ်တန်အသင်းက နည်းပြအသစ်ဖြစ် ခန့်အပ်လိုက်နိုင်ပြီဖြစ်ပါတယ်။ အသက်၅၄နှစ်ရှိလိုပက်ဇ်တီဂူဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ပရီးမီးယားလိဂ်ရပ်နားမယ့် နိုဝင်ဘာလ၁၄ရက်နေ့မှစတင်ကာဝုဗ်ကိုင်တွယ်မှာဖြစ်ပါတယ်။ ဝုဗ်ဟာအောက်တိုဘာလ၂ရက်နေ့တုန်းကဘရူနိုလာ့ကို ထုတ်ပယ်လိုက်ပြီးနောက်ဦးစားပေးပစ်မှတ်အဖြစ်လိုပက်ဇ်တီဂူကိုခန့်အပ်ရေးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လိုပက်ဇ်တီဂူဟာစပိန်တွင်ပင်ဆက်လက်နည်းပြလိုနေမှုနှင့်အတူ ဝုဗ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ဒါပေမဲ့သူဟာဝုဗ်ဘက်ကနောက်မဆုတ်ဘဲကြိုးပမ်းလာမှုနှင့်အတူလက်ခံလာပြီဖြစ်ပါတယ်။ လိုပက်ဇ်တီဂူဟာ၂၀၁၉ခုနှစ်၊ဇွန်လတွင်ဆီဗီလာကိုစတင်ကိုင်တွယ်ပြီးနောက် ယူရိုပါလိဂ်ဖလားရယူပေးခဲ့သူလည်းဖြစ်ပါတယ်။သူဟာအောက်တိုဘာလတုန်းကရလဒ်ဆိုးရွားမှုကြောင့်ဆီဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ သူဟာဝုဗ်အတွက်ပထမဆုံးပွဲအဖြစ် ဒီဇင်ဘာလ၂၆ရက်နေ့တွင်အဲဗာတန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အားကြီးကြပ်သွားပါမယ်။ ဝုဗ်ဗာဟမ်တန်အတွက် စပိန်သားလိုပက်ဇ်တီဂူဟာ…