အဆက်ဟောင်းရှကီရာရဲ့ဒဲ့ရှင်းတာခံလိုက်ရတဲ့ပီကေး
ချစ်သူဟောင်းဘာစီလိုနာနောက်ခံလူ ဂါရတ်ပီကေးကိုအင်စတာဂရမ်ပို့စ်တင်ပြီး ရှကီရာက တိုက်ခိုက်လာပါတယ်။ ကိုလံဘီယာပေါ့ပ်စူပါစတားနှင့်ဘောလုံးသမားဟောင်းပီကေးတို့ဟာ၁၁နှစ်ကျော်ကြာလက်တွဲလာပြီးနောက်ပြီးခဲ့တဲ့ဇွန်လတုန်းကလမ်းခွဲခဲ့ကြပါတယ်။ သူမဟာပီကေးကအခြားအမျိုးသမီးနှင့်ဖောက်ပြန်နေကြောင်းသိရှိသွားပြီးနောက်လမ်းခွဲလိုက်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အသက်၄၅နှစ်ရှိကမ္ဘာကျော်ပေါ့ပ်အဆိုတော်ဟာသူမကိုသစ္စာဖောက်သွားခဲ့တဲ့ဂါရတ်ပီကေးကိုမမေ့နိုင်သေးပါဘူး။ သူမက “ကျွန်မတို့ရဲ့ဒဏ်ရာတွေဒီနှစ်သစ်မှာဆက်ပြီးတော့ဖွင့်လှစ်ထားမယ်။ခွဲစိတ်ဆရာဝန်လက်ထဲမှာထားရမဲ့အချိန်ပါ။တစုံတယောက်ကကျွန်မတို့ကိုသစ္စာဖောက်လာရင်တောင်ကျွန်မတို့ဆက်ယုံကြည်ပေးနေကြတုန်းပါ။မထီမဲ့မြင်မျက်နှာနဲ့ကိုယ့်ကိုယ်ကိုယ်ဆက်ပြီးတန်ဖိုးထားပါ။ဘာကြောင့်လဲဆိုတော့မကောင်းတဲ့လူထက်ကောင်းတဲ့လူပိုများလို့ပါ။သိမ်ငယ်တဲ့သူထက်စာနာတတ်သူပိုများပါတယ်။ကျွန်မတို့ဘက်မှာရှိတဲ့သူကထွက်ခွာသွားတဲ့သူထက်ပိုများပါတယ်။ကျွန်မတို့မျက်ရည်တွေအလဟသမဖြစ်ပါဘူး။သူတို့ကအနာဂတ်မှာမွေးဖွားလာမဲ့မြေဆီလွှာကိုရေလောင်းပေးပြီးကျွန်မတို့ကိုပိုပြီးတော့လူသားဆန်လာစေပါလိမ့်မယ်။ဒါကြောင့်ကြေကွဲမှုတွေကြားထဲမှာကျွန်မတို့ဆက်ချစ်နိုင်ရပါမယ်။သံသယ”ဆိုပြီးရေးသားသွားပါတယ်။ ရှာကီရာဟာအသက်၃၅နှစ်ရှိပီကေးနှင့် ၂၀၁၀ တောင်အာဖရိကကမ္ဘာ့ဖလားမတိုင်မီ မက်ဒရစ်ရှိလေ့ကျင့်ရေးအစီအစဉ်တွင်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သူမတို့ဟာဆယ်စုနှစ်တစ်ခုကျော်ကြာတွဲပြီးကလေးနှစ်ဦးမွေးဖွားခဲ့ပေမဲ့လည်း လက်ထပ်ပွဲတော့ မလုပ်ခဲ့ကြပါဘူး။