ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ်၁၆သင်းအဆင့် မဲခွဲရလာဒ်များ
လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ပြန်လည်ထိပ်တိုက်တွေ့နေပါပြီး မန်ချက်စတာ နှင့် ဘာစီလိုနာ တို့က ယူရိုပါလိဂ်မှာ တွေ့ဆုံကြပါတယ်။ ချန်ပီယံလိဂ်၁၄ကြိမ်ချန်ပီယံရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကပဲရစ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ထိုစဉ်တုန်းကရီးရဲလ်မက်ဒရစ်အတွက်အနိုင်ဂိုးကိုပွဲချိန်၅၉မိနစ်မှာဗီနီရှပ်စ်ကသွင်းယူသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးမှာလည်းဂျာမန်ကလပ်ရက်ဘူးလ်လိုက်ဇစ်နှင့်တွေ့ဆုံနေသလိုစပါးစ်မှာလည်းစီးရီးအေထိပ်သီးအေစီမီလန်နှင့်ထိပ်တိုက်တွေ့နေပါတယ်။ ချဲလ်ဆီးမှာလည်းဂျာမန်ပြိုင်ဘက်ဒေါ့မွန်နှင့်တွေ့ဆုံနေပြီးပြင်သစ်ချန်ပီယံပီအက်စ်ဂျီမှာဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ရပါမယ်။ဒါ့အပြင်ဖရန့်ဖတ်နှင့်နာပိုလီ၊ဘရုဂျက်နှင့်ဘင်ဖီကာတို့ထိပ်တိုက်တွေ့နေပါတယ်။ ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်များကိုဖေဖော်ဝါရီလ၁၄ရက်/၁၅ရက်နေ့နှင့်ဖေဖော်ဝါရီလ၂၁ရက်နေ့/၂၂ရက်နေ့တို့တွင်လည်းကောင်း၊ဒုတိယအကျော့ကိုမတ်လ၇ရက်နေ့/၈ရက်နေ့နှင့်မတ်လ၁၄ရက်နေ့/၁၅ရက်နေ့တို့တွင်ကစားရပါမယ်။ လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ဟာချန်ပီယံလိဂ်နောက်ဆုံးခြောက်ရာသီတွင်လေးကြိမ်မြောက်ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပြီးဗိုလ်လုပွဲတွင်နှစ်ကြိမ်ဆုံတွေ့ကာနှစ်ကြိမ်လုံး(၂၀၁၇-၁၈နှင့်၂၀၂၁-၂၂)တို့တွင်ရီးရဲလ်မက်ဒရစ်ကအနိုင်ရခဲ့ပါတယ်။…