ကလပ်အပေါ်အမြတ်ထုပ်လို့ဝမှရောင်းချတော့မည့် မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစု
ကလပ်ကိုရောင်းချရန်စဉ်းစားသွားမည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုကဖွင့်ဟ လာကြပြီဖြစ်ပါတယ်။ အမေရိကန်ပိုင်ရှင်များဟာ၂၀၀၅ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကလပ်ကိုပေါင်သန်း၇၉၀(ဒေါ်လာ၁.၃၄ဘီလီယံ)ဖြင့်ဝယ်ယူလာခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်များဟာဂလေဇာကိုဆန့်ကျင်ကာကလပ်ကိုရောင်းချရေးအတွက်နှစ်ပေါင်းများစွာဆန္ဒပြသပိတ်မှောက်မှုများပြုလုပ်လာခဲ့ကြပါတယ်။ ယခုအခါမှာတော့ဂလေဇာမိသားစုကကလပ်ကိုရေရှည်အောင်မြင်မှုရယူနိုင်ရေးအတွက် ကလပ်တွင်ရင်းနှီးမြှပ်နှံမှုလက်ခံခြင်း(သို့မဟုတ်)ကလပ်ကိုရောင်းချခြင်းတို့ပြုလုပ်လာတော့မှာဖြစ်ကြောင်းကြေညာလာခဲ့ပြီဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာယူနိုက်တက်အပြင်၁၉၉၅ခုနှစ်ကတည်းက NFL ကလ ပ် Tampa Bay Buccaneers ကိုပိုင်ဆိုင်လာတဲ့အပြင်၂၀၂၁ခုနှစ်တုန်းကလည်းUnited…