မက်ဆီ

Sports

မက်ဆီပြန်အလာကိုအမ်ဘာပေမရှိခင် ဝိုင်းကြိုဆိုကြတဲ့PSGအသင်းဖော်များ

ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့အသင်းဖော်တွေဆီကနေ ဂုဏ်ပြုဆုတံဆိပ်လက်ခံရရှိခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းချန်ပီယံဆုအတွက်သွားရာလမ်းကြောင်းတစ်လျှောက်လုံးအကောင်းဆုံးပံ့ပိုးပေးခဲ့ပြီး ၇ ဂိုးအထိသွင်းနိုင်ခဲ့တာဖြစ်တယ်။ဒါ့အပြင် သမိုင်းကြောင်းတစ်လျှောက် World Cup…

Sports

အာဂျင်တီးနားသမ္မတဖြစ်လာတော့မဲ့လီယွန်နယ်မက်ဆီ

လာမယ့်သမ္မတရွေးကောက်ပွဲမှာ အာဂျင်တီးနားပြည်သူတွေဟာ လီယွန်နယ်မက်ဆီကိုမဲပေးသွားဖို့ရှိနေပါတယ်။ မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိကဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၂၂ မှာ အာဂျင်တီးနားအတွက်၃၆နှစ် ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါအရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီရဲ့ကြိုးစားအားထုတ်မှုတွေက အာဂျင်တိုင်းသားတွေအတွက်ဂုဏ်ယူစရာဖြစ်နေသလို သမ္မတလောင်းစာရင်းမှာလည်းထိပ်ဆုံးကဦးဆောင်ထားနိုင်ပြီဖြစ်တယ်။…

Sports

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဘယ်တော့စဖြန့်မှာလဲ

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဝတ်ဆင်နိုင်ဖို့အတွက်ဘောလုံးပရိတ်သတ်များဟာ ခရစ္စမတ်အပြီးအထိစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့အင်္ကျီသစ်တွင်ကမ္ဘာ့ဖလားသုံးကြိမ်ရမှုအဖြစ်ကြယ်သုံးလုံးပါဝင်လာပါမယ်။ အာဂျင်တီးနားဟာကာတာကမ္ဘာ့ဖလားချန်ပီယံမဖြစ်မီ၁၉၈၆နှင့်၁၉၇၈ခုနှစ်တို့တွင်လည်းကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ အာဂျင်တီးနားရဲ့အင်္ကျီသစ်မှာယခင်ဒီဇိုင်းအတိုင်းဖြစ်ပါတယ်။ဒါပေမဲ့ယခင်အင်္ကျီတွင်လိုဂိုအပေါ်ဘက်တွင်ကြယ်နှစ်ပွင့်ပါဝင်ပေမဲ့အင်္ကျီသစ်တွင်ကြယ်သုံးပွင့်ပါဝင်လာပါမယ်။ အာဂျင်တီးနားအတွက်အင်္ကျီထုတ်လုပ်ပေးနေတဲ့ Adidas ကအာဂျင်တီးနားအင်္ကျီသစ်ကိုလာမယ့်ဒီဇင်ဘာလ၂၈ရက်နေ့တွင်စတင်ရောင်းချသွားမယ်လို့ကြေညာလာပါတယ်။ အာဂျင်တီးနားအသင်းဟာမနေ့တုန်းကဗျူနိုအေးရိစ်တွင်ကမ္ဘာ့ဖလားလှည့်လည်အောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးပရိသတ်၄သန်းကျော်အထိကြိုဆိုအော င်ပွဲခံခဲ့ကြပါတယ်။ အာဂျင်တီးနားအင်္ကျီသစ်ဟာအမြောက်အမြားရောင်းချလာရရှိလာမယ်လို့ယုံကြည်ရပါတယ်။ မက်ဆီပရိတ်သတ်ဖြစ်တဲ့သူဆိုရင်တော့ ဝတ်ချင်ကြမှာ အသေချာပါ  

Sports

ငါးနှစ်အရွယ်ကလေးကိုးမားဝင်ပြီးလူတစ်ဦးသေဆုံးခဲ့တဲ့အာဂျင်တီးနားအောင်ပွဲခံပွဲ

ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်း လှည့်လည်အောင်ပွဲခံမှုကပရိသတ်များနှင့်ရဲများအကြားရန်ဖြစ်ပြီးအဆိုးရွားဆုံးပုံစံဖြင့်အဆုံးသတ်သွားခဲ့ပါတယ်။အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုကြောင့်လူတစ်ဦးသေဆုံးပြီးအသက်၅နှစ်အရွယ်ကလေးငယ်တစ်ဦးကိုးမားဖြစ်ခဲ့ပါတယ်။ ဗျူနိုအေးရိစ်တွင်အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံလှည့်လည်အောင်ပွဲခံမှုအားပရိသတ်၄.၂သန်းအထိလူပင်လယ်ကြီးဖြင့်ကြိုဆိုမှုပြုလုပ်ခဲ့ကြပြီးအဓိကရုဏ်းထိန်းရဲတို့ကတားဆီးမှုများပြုလုပ်ခဲ့ရပါတယ်။ အထူးသဖြင့်အာဂျင်တီးနားပရိသတ်အချို့တို့ကတံတားပေါ်မှခုန်ချကာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တက်ရန်ကြိုးပမ်းမှုပြုလုပ်ခြင်း၊ပရိသတ်များကလှောင်ပြောင်မှုများပြုလုပ်ခြင်းစတဲ့အရာများဖြစ်လာပြီးနောက်အခြေအနေဆိုးရွားသွားခဲ့တာလည်းဖြစ်ပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရပရိသတ်တစ်ဦးဟာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တံတားပေါ်မှခုန်ချရန်ကြိုးပမ်းရာမှာပေ၂၀အမြင့်မှပြုတ်ကျခဲ့တာတွေ့ရပါတယ်။ ယင်းနောက်ပိုင်းတွင်အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာလုံခြုံရေးပိုင်းစိုးရိမ်လာရမှုနဲ့အတူအမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံမှုကိုရပ်ဆိုင်းပြီးဟယ်လီကော်ပတာဖြင့်ထွက်ခွာသွားခဲ့ရပါတယ်။ ဒါ့အပြင်ပလာဇာဆန်မာတင်မှမတော်တဆမှုကြောင့်လည်းကလေးငယ်တစ်ဦးမှာခေါင်းဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိကာကိုးမားဖြစ်သွားခဲ့ကြောင်းသိရပါတယ်။ မီဒီယာများရဲ့ဖော်ပြချက်အရအောင်ပွဲခံစဉ်အတွင်းရုပ်တုတစ်ခုမှစကျင်ကျောက်ပဲ့ကျရာမှာကလေးငယ်ရဲ့ခေါင်းကိုထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရညပိုင်းတွင်းလည်းပရိသတ်များနှင့်ရဲတပ်ဖွဲ့ဝင်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတွေ့ရပါတယ်။ အလွန်ကျူးအောင်ပွဲခံတာက လူ့အသက်ဆုံးရှုံးရသည်အထိဖြစ်သွားတာတော့ စိတ်မကောင်းစရာပါ။  

Sports

ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အာဂျင်တီးနားရရှိမည့်ဆုကြေး​များ

တနင်္ဂနွေနေ့ညတုန်းကလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင်ဦးဆောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမှုနဲ့အတူအာဂျင်တီးနားအသင်းဟာဆုကြေးငွေပေါင်၃၅သန်းဝန်းကျင်ရရှိလာပါမယ်။ ယင်းဆုကြေးငွေပမာဏဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကရုရှားကမ္ဘာ့ဖလားချန်ပီယံပြင်သစ်တို့ရရှိတဲ့ပမာဏထက်ပေါင်၃သန်းပိုမိုများပြားတဲ့ပမာဏဖြစ်ပါတယ်။ ဗိုလ်လုပွဲတွင်ရှုံးနိမ့်ကာဒုတိယဆုဖြင့်ကျေနပ်ခဲ့ရတဲ့ပြင်သစ်မှာချန်ပီယံအာဂျင်တီးနားထက်ပေါင်၁၀သန်းလျှော့နည်းပြီးရရှိလာပါမယ်။ အာဂျင်တီးနားနှင့်ဒုတိယရရှိတဲ့ပြင်သစ်အကြားဆုကြေးများစွာကွာဟပေမဲ့ ပြင်သစ်နဲ့တတိယရရှိတဲ့ခရိုအေးရှားအကြားဆုကြေးကွာဟမှုကကျဉ်းမြောင်းပါတယ်။ ဒုတိယရရှိတဲ့ပြင်သစ်ကဆုကြေးငွေပေါင်၂၄သန်းရရှိပြီးတတိယရရှိတဲ့ခရိုအေးရှားကပေါင်၂၂သန်းရရှိပါမယ်။စတုတ္ထရရှိတဲ့မော်ရိုကိုကလည်းပေါင်၂၁သန်းရရှိပါမယ်။ ကွာတားဖိုင်နယ်ရောက်ပေါ်တူဂီ၊ဘရာဇီး၊အင်္ဂလန်နှင့်နယ်သာလန်တို့မှာလည်းဆုကြေးငွေပေါင်၁၄သန်းရရှိပါမယ်။ ၁၆သင်းအဆင့်တွင်ကျန်ခဲ့တဲ့အသင်းများမှာလည်းပေါင်၁၁သန်းရရှိပါမယ်။အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အသင်းများမှာလည်းပေါင်၇သန်းအထိရရှိမှာဖြစ်ပါတယ်။

Sports

မက်ဆီသွင်းတဲ့အာဂျင်တီးနားဒုတိယဂိုးကိုခွင့်ပြုစရာမလိုကြောင်းသက်သေပြခဲ့တဲ့ပရိတ်သတ်များ

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှလီယွန်နယ်မက်ဆီရဲ့ဒုတိယဂိုးကိုခွင့်မပြုသင့်ကြောင်းသက်သေအထောက်အထားနှင့်တကွ မျက်စိလျှင်တဲ့ ပရိတ်သတ်များက သက်သေပြလာကြပါတယ်။ အာဂျင်တီးနားစူပါစတားဟာမနေ့ညတုန်းကပြင်သစ်ကိုအနိုင်ရရှိကာအာဂျင်တီးနားတို့တတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာပထမဂိုးကိုပင်နယ်တီမှသွင်းယူခဲ့တာဖြစ်ပြီးယင်းနောက်ဒီမာရီယာကဂိုးထပ်သွင်းခဲ့လို့၂-၀ဂိုးဖြင့်အာဂျင်တီးနားတို့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းလာမှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။ အသက်၃၅နှစ်ရှိမက်ဆီဟာအချိန်ပို၁၀၈မိနစ်တွင်မာတီနက်ဇ်ရဲ့ကန်ချက်ကိုဂိုးသမားလိုရစ်ပုတ်ထုတ်လိုက်မှုကကျလာတဲ့ဘောလုံးကိုပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယင်းအချိန်တွင်စည်းကြပ်ဒိုင်ကအလံထောင်မှုကြောင့်လူကျွံနေသလားမေးခွန်းထုတ်မှုရှိခဲ့ပါတယ်။ဒါပေမဲ့ရုပ်သံဓာတ်ပုံများအရလူကျွံနေခြင်းမရှိကြောင်းတွေ့ရပါတဘ်။ ဒါပေမဲ့ဘောလုံးပရိသတ်များကမက်ဆီရဲ့ယင်းဂိုးကိုခွင့်ပြုသင့်ကြောင်းဓာတ်ပုံအထောက်အထားနှင့်တကွာသက်သေပြလာတာဖြစ်ပါတယ်။ မက်ဆီကဂိုးထဲသို့ကန်သွင်းလိုက်ချိန်တွင်အာဂျင်တီးနားအရန်ကစားသမားနှစ်ဦးတို့ကွင်းထဲသို့ဝင်ရောက်နေမှုနဲ့အတူယင်းဂိုးကိုခွင့်မပြုသင့်ဘူးလို့ဆိုလာတာဖြစ်ပါတယ်။ယင်းသို့အရန်နှစ်ဦးကွင်းစည်းအတွင်းဝင်ရောက်မှုနဲ့အတူအာဂျင်တီးနားက၁၃ဦးဖြင့်ကစားနေတယ်လို့ယူဆရပါတယ်။ အဆိုပါပွဲတွင်မက်ဆီကဒုတိယဂိုးဖြင့်အာဂျင်တီးနားထပ်မံားဆောင်နိုင်ခဲ့ပေမဲ့ အချိန်ပိုပြီးခါနီးတွင်ဘက်ပေးကပင်နယ်တီကနေတဆင့်ချေပဂိုးထပ်သွင်းခဲ့လို့ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ဒါပေမဲ့ပင်နယ်တီအဆုံးအဖြတ်မှာတော့အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားရရှိသွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မက်ဆီရဲ့နေဝင်ချိန်တွေဟာ အလွန်လှပနေတဲ့အတွက်…

Sports

အာဂျင်တီနားကမ္ဘာ့ဖလားရအောင်စနစ်တကျစီစဥ်ထားတယ်လို့စွပ်စွဲလိုက်တဲ့ဘောလုံးပရိတ်သတ်များ

ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလီယွန်နယ်မက်ဆီနှင့်အာဂျင်တီးနားအတွက်အကွက်ချလုပ်ဆောင်ထားတဲ့ပြိုင်ပွဲဖြစ်ကြောင်းဘောလုံးပရိတ်သတ်များက စွပ်စွဲနေကြပါတယ်။ အာဂျင်တီးနားဟာဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။ခရိုအေးရှားနှင့်ပွဲတွင်အာဂျင်တီးနားဟာကမ္ဘာ့ဖလားခြောက်ပွဲတွင်လေးလုံးမြောက်ပင်နယ်တီရရှိပြီးနောက်ပရိသတ်များကအထက်ပါအတိုင်းစွပ်စွဲပြောဆိုလာကြတာလည်းဖြစ်ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာအထူးခြေစွမ်းပြကစားခဲ့ပြီးပင်နယ်တီမှတဆင့်ဦးဆောင်ဂိုးသွင်းခဲ့သလိုကစားဖော်ဂျူလီယန်အယ်ဗာရက်ဇ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာခရိုအေးရှားနှင့်ပွဲတွင်ပါဝင်ကစားပြီးနောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားထားသူ(၂၆ပွဲ)၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းထားသူ(၁၂ဂိုး)၊ကမ္ဘာ့ဖလားလေးပွဲ ဂိုး/ဖန်တီးမှု ပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမား၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားပွဲအများဆုံးကစားထားသူစတဲ့စံချိန်သစ်လေးခုရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဘောလုံးပရိသတ်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းအာဂျင်တီးနားရရှိတဲ့ပင်နယ်တီအရေအတွက်ကြောင့် မက်ဆီနှင့်အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်အကွက်ချလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။ အာဂျင်တီးနားဟာပင်နယ်တီလေးကြိမ်ရရှိထားပြီးယင်းမှသုံးဂိုးကိုလီယွန်နယ်မက်ဆီကသွင်းယူခဲ့ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားဟာဂျူလီယန်အယ်ဗာရက်ဇ်ကိုခရိုအေးရှားဂိုးသမားဒိုမီနစ်ခ်လီဗာကိုဗစ်ကဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက…

Sports

အာဂျင်တီးနားကိုဖြုတ်ချဖို့ယုံကြည်ချက်ရှိတယ်ဆိုတဲ့ ခရိုအေးရှားနည်းပြ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာခရိုအေးရှားအသင်းဟာ အုပ်စုတွင်း ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ရသလိုရှုံးထွက်နဲ့ ကွာတားအဆင့်တွေမှာ ဂျပန် ဘရာဇီးအသင်းတွေကိုပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်မှာ နောက်ထပ်…

News

မက်ဆီကိုထိမ်းချုပ်ပြီးအာဂျင်တီးနားကိုအနိုင်ယူပြမယ်ဆိုတဲ့ဗန်ဟားလ်

နယ်သာလန်အသင်းက ၁၆သင်း ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် တစ်ဖက်မှာ ဩစတေးလျကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရလာတဲ့ အာဂျင်တီးနားနဲ့ကွာတားဖိုင်နယ် အဆင့်မှာ…

Sports

မက်ဆီကိုလှောင်ပြောင်ပြီး၁၂စက္ကန့်အကြာမှာပဲအသံပိတ်ခံလိုက်ရတဲ့သြဇီပရိတ်သတ်များ

မနေ့ညက ဩစတြေးလျနဲ့အာဂျင်တီးနားတို့ရဲ့ ရှုံးထွက် ပွဲမှာလီယွန်နယ်မက်ဆီဟာ ဩစတြေးလျပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီးနောက် အချိန်ပိုင်းလေးအတွင်းမှာပဲ ဂိုးသွင်းယူပြီး တုံ့ပြန်ပြခဲ့ပါတယ်။ ဩစတြေးလျပရိသတ်တွေဟာ ဆော်ဒီပရိသတ်တွေ ပြုလုပ်ခဲ့တဲ့ “မက်ဆီဘယ်မှာလဲ” ဆိုတဲ့ ကြွေးကြော်သံတွေကို ကြိမ်ဖန်များစွာ…