မက်ဆီ vs ဘာပေ

Sports

မက်ဆီပြန်အလာကိုအမ်ဘာပေမရှိခင် ဝိုင်းကြိုဆိုကြတဲ့PSGအသင်းဖော်များ

ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့အသင်းဖော်တွေဆီကနေ ဂုဏ်ပြုဆုတံဆိပ်လက်ခံရရှိခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းချန်ပီယံဆုအတွက်သွားရာလမ်းကြောင်းတစ်လျှောက်လုံးအကောင်းဆုံးပံ့ပိုးပေးခဲ့ပြီး ၇ ဂိုးအထိသွင်းနိုင်ခဲ့တာဖြစ်တယ်။ဒါ့အပြင် သမိုင်းကြောင်းတစ်လျှောက် World Cup…

Sports

ပရိတ်သတ်နှစ်သိန်းကျော်ကအာဂျင်တီးနားနှင့်ပြင်သစ်ပွဲပြန်ကစားပေးရန်လက်မှတ်ထိုးတောင်းဆို

အာဂျင်တီးနားနှင့် ပြင်သစ် တို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြန်ကစားရန် လက်မှတ်ထိုးတောင်းဆိုသူ ၂ သိန်းနီးပါးကဖီဖာထံသို့ထိုးတောင်းဆိုမှုပြုလုပ်လာပါတယ်။ တနင်္ဂနွေနေ့တုန်းကကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကမ္ဘာ့ဖလားဗိုလ်လုပအာဂျင်တီးနားဟာပထမပိုင်းတွင်မက်ဆီ၊ဒီမာရီယာတို့ရဲ့ဂိုးများဖြ   အာဂျင်တီးနားဟာပထမပိုင်းတွင်မက်ဆီ၊ဒီမာရီယာတို့ရဲ့ဂိုးများဖြင့်ဦးဆောင်နိုင်ခဲ့ပြီးပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းခဲ့မှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။အချိန်ပိုတွင်မက်ဆီကအာဂျင်တီးနားအတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်ဘက်ပေးကပင်နယ်တီတဆင့်ပြန်လည်ချေပခဲ့လို့ ပင်နယ်တီကန်ခဲ့ရပါတယ်။ပင်နယ်တီအဆုံးအဖြတ်တွင်အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ဘောလုံးပရိသတ်များကပြင်သစ်-အာဂျင်တီးနားပွဲမှအာဂျင်တီးနားဘက်သို့ပေးခဲ့တဲ့ပင်နယ်တီမှာမျှတခြင်းမရှိသလိုဒီမာရီယာဒုတိယဂိုးမသွင်းမီဘက်ပေးပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်ဆိုပြီး ယင်းပွဲကိုပြန်ကန်ရန်လက်မှတ်ထိုးတောင်းဆိုလာပါတယ်။ ယခုအခါပြင်သစ်နှင့်အာဂျင်တီးနားပွဲကိုပြန်ကစားရန်လက်မှတ်ထိုးတောင်းဆိုသူ၂သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ ယင်းလက်မှတ်ထိုးတောင်းဆိုမှုမှာနာမည်ကြီးနေပေမဲ့လည်း…

Sports

ကမ္ဘာ့ဖလားမတိုင်ခင်ကလပ်မှာထဲကပြဿနာရှိခဲ့တဲ့ဘာပေနှင့်မက်ဆီ

ကိုင်လီအမ်ဘာပေနှင့်လီယွန်နယ်မက်ဆီဟာ ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အဓိကဇာတ်လိုက်နှစ်ဦးဖြစ်ကြပါတယ်။ဒါပေမဲ့၎င်းတို့အကြားမှာလည်းအဖုအထစ်တွေကရှိနှင့်ပြီးသားဖြစ်ပါတယ်။ ယနေ့ညဗိုလ်လုပွဲထိပ်တိုက်တွေ့လာကြမဲ့မက်ဆီနှင့်ဘာပေတို့နဲ့ပတ်သက်ပြီးပြောကြဆွေးနွေးကြသူတွေအများကြီးပါ။ မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။တဖက်တွင်ဘာပေဟာလည်းကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ပြီး GOAT စာရင်းထဲဝင်ဖို့တာစူနေပါတယ်။ ဘာပေ ဟာပြီးခဲ့တဲ့မော်ရိုကိုနှင့်ဆီမီးပွဲအပြီးမှာပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်အင်္ကျီလှဲလှယ်ပြီးဥမင်လှိုဏ်ခေါင်းထဲမှာလည်းခင်ခင်မင်မင်နှင့်အချိန်အတန်ကြာစကားပြောခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ယနေ့ညဗိုလ်လုပွဲမှာတော့မက်ဆီနှင့်ဘက်ပေးတို့ရဲ့ပီအက်စ်ဂျီကစားဖော်အကြားယင်းသို့အဖြစ်အပျက်မျိုးမြင်တွေ့လာရဖို့တော့မရှိပါဘူး။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရဘက်ပေးနှင့်မက်ဆီတို့အကြားမှာပြဿနာတွေကရှိနှင့်ထားပြီးသားဖြစ်ကြောင်းသိရပါတယ်။ စပိန်သတင်းစာ El Pais ကဘာပေနှင့်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်တစ်နှစ်ကျော်ကြာတွဲကစားလာခဲ့ကြပေမဲ့လည်းပရော်ဖက်ရှင်နယ်ဆက်ဆံမှုကလွဲပြီးမပိုကြောင်းဖော်ပြလာပါတယ်။ ဘာပေဟာနေမာနှင့်အဆင်မပြေမှုနဲ့အတူ မက်ဆီနှင့်လည်းပုဂ္ဂိုလ်ရေးပိုင်းခင်မင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါ့အပြင်…