ဘရန်းဖို့ဒ်

Sports

လောင်းကစားစည်းမျဥ်းချိုးဖောက်မှုကြောင့်FAရဲ့စွဲချက်တင်ခံလိုက်ရတဲ့တိုနေး

လောင်းကစားစည်းမျဉ်းစည်းကမ်းတို့ကိုချိုးဖောက်မှုကြောင့် မန်စီးတီးကိုအသဲခွဲခဲ့တဲ့ဘရန်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ FAရဲ့စွဲချက်တင်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ အိုင်ဗန်တိုနေးဟာ၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၅ရက်အတွင်းမှ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ၂၃ရက်နေ့အတွင်းတွင်လောင်းကစားစည်းမျဉ်း၂၃၂ကြိမ်ချိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။ အသက်၂၆နှစ်ရှိအိုင်ဗန်တိုနေးဟာယခုရာသီတွင်ဘရန့်ဖို့ဒ်အတွက်ပရီးမီးယားလိဂ်ဂိုး၁၀ဂိုးသွင်းယူထားပေမဲ့လည်းအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ အိုင်ဗန်တိုနေးဟာနိုဝင်ဘာလ၂၄ရက်နေ့နောက်ဆုံးထားကာအက်ဖ်အေကိုချေပရမှာဖြစ်ပြီးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရပါမယ်။ အင်္ဂလန်နောက်ခံလူကီရန်ထရစ်ပီယာဟာသူ့ရဲ့စပါးစ်မှအက်သလက်တီကိုသို့အပြောင်းအရွှေ့လောင်းကစားမှုတွင်ပါဝင်မှုအတွက် ၁၀ပတ်ကြာပွဲကစားခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။၂၀၁၇ခုနှစ်တုန်းကလည်းဂျိုယေးဘာတန်ဟာ၁၀နှစ်တာကာလအတွင်းတွင်ဘောလုံးနှင့်သက်ဆိုင်တဲ့လောင်းကစားမှု၁၂၆၀ပြုလုပ်မှုကြောင့်ငါးလကြာပွဲပယ်ခံခဲ့ရဖူးပါတယ်။ အိုင်ဗန်တိုနေးဟာစကန်သော်ပီ၊ဝီဂန်၊ပီတာဘရော့ချ်၊ဘရန့်ဖို့ဒ်တို့တွင်ကစားနေစဉ်အတွင်းလောင်းကစားမှုကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတွင်ဘရန့်ဖို့ဒ်သို့ပေါင်၅သန်းဖြင့်ရောက်လာပြီးနောက်၁၀၅ပွဲကစားထားရာမှာ၅၈ဂိုးသွင်းယူထားပါတယ်။ထိုကဲ့သို့ လောင်းကစားစည်းမျဥ်းချိုးဖောက်ထားမှုကြောင့် အဂ်လန်နည်းပြ ဆောက်ဂိတ်က သူရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာမထဲ့ ခဲ့တာဖြစ်လို့…