ဖမ်းဆီးထိမ်းသိမ်း

Sports

နိုင်ငံရေးဝါဒဖြန့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခံလိုက်ရတဲ့အီရန်ထိပ်သီးကစားသမား

နိုင်ငံရေးဝါဒဖြန့်ချိတယ်ဆိုပြီးစွပ်စွဲချက်ဖြင့်အီရန်ထိပ်သီးကစားသမား တစ်ဦးဟာ အီရန်အာဏာပိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ အသက်၃၅နှစ်ရှိဗိုရီယာဂါဖူရီဟာကြာသပတေးနေ့တုန်းကသူ့ကလပ် Foolad Khuzestan နှင့်အတူလေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြုလုပ်ပြီးချိန်တွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာလက်ရွေးစင်အသင်းကိုဂုဏ်သိက္ခာကျဆင်းစေမှု၊နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှုတို့ဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။ အီရန်အာဏာပိုင်တို့ရဲ့မီဒီယာကအသက်၃၅နှစ်ရှိကစားသမားကို နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှု၊ဆန္ဒပြသူများကိုအားပေးထောက်ခံမှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြသွားပါတယ်။ ဂါဖူရီဟာအီရန်ရဲ့၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အီရန်နှင့်အတူပါဝင်ခဲ့သူဖြစ်ပြီး၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အီရန်အသင်းတွင်ရွေးချယ်ခြင်းမခံထားရပါဘူး။ သူဟာအစောပိုင်းတုန်းကအီရန်ကလပ် Esteghlalတွင်ကစားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် Foolad…