ပြင်သစ်

Sports

ကမ္ဘာ့ဖလားဗိုလ်လုပွဲဲနီးမှအဖျားရောဂါနဲ့ဒဏ်ရာရကစားသမားများလာလို့သောကပွေနေတဲ့ပြင်သစ်

ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရန်တစ်ရက်ကျော်မျှသာလိုတော့တဲ့အချိန်တွင်ပြင်သစ်အသင်းဟာ ဒဏ်ရာကြောင့်အနားယူနေရသူနှင့်ဖျားနေသူပမာဏတိုးမြှင့်လာပါတယ်။ ဒီဒီယာဒက်ချမ်ဟာတနင်္ဂနွေနေ့ညတွင်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါက၁၉၆၂ ဘရာဇီးနောက်ပိုင်းတွင်ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာပါမယ်။ ဒါပေမဲ့ပြင်သစ်ရင်ဆိုင်ရမဲ့အာဂျင်တီးနားတွင်လီယွန်နယ်မက်ဆီအကောင်းဆုံးပုံစံရရှိနေမှုနှင့်အတူလွယ်ကူမဲ့ပုံစံမှာမရှိပါဘူး။မက်ဆီဟာကမ္ဘာ့ဖလားဆုအပြင် Golden Ball ၊ Golden Bootကိုပါရယူလာဖို့ရှိနေပါတယ်။ ပိုပြီးတော့ဆိုးရွားတာကတော့ပြင်သစ်အသင်းဟာဗိုလ်လုပွဲမတိုင်မီဒဏ်ရာရရှိသူနှင့်နားဖျာသူအရေအတွက်တိုးလာတာဖြစ်ပါတယ်။ မော်ရိုကိုနှင့်ဆီမီးဖိုင်နယ်ပွဲမတိုင်မီအူပါမီကာနိုနှင့်ရာဘီယော့တို့ဖျားနာခဲ့သလိုကင်စလေကိုးမန်း၊ရာဖေးလ်ဗာရန်းနှင့်အီဘရာဟမ်ကိုနာတေးတို့လည်းဖျားနာလာနေကြပါတယ်။ ပြင်သစ်ဟာနေမကောင်းဖြစ်နေတဲ့ကစားသမားများကိုသီးသန့်နေထိုင်စေလျက်ရှိပါတယ်။ ဒါ့အပြင်ချူကွာမီနီနှင့်သီယိုဟာနန်ဒက်ဇ်တို့မှာလည်းဒဏ်ရာပြဿနာကြောင့် ပြင်သစ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းနိုင်ခြင်းမရှိပါဘူး။ အူပါမီကာနိုနှင့်ရာဘီယော့တို့မှာနေမကောင်းဖြစ်မှုမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူ…

Sports

ပီလီ ကလိုဆေး မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့စံချိန်တွေကို တဖြေးဖြေးရိုက်ချိုးလာတဲ့ အမ်ဘာပေ

မနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိကာပြင်သစ်တို့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အမ်ဘာပေဟာ ပီလီရဲ့ကမ္ဘာ့ဖလားစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။ ကိုင်လီအမ်ဘာပေ ဟာပိုလန်နှင့်ပွဲမတိုင်မီကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသက်၂၄နှစ်ရှိကစားသမားများတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပီလီနှင့်၇ဂိုးဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီစတားဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်၉ဂိုးဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အသက်၂၄နှစ်အောက်ကစားသမားများတွင်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ် ခဲ့ပါတယ်။ ဘာပေဟာကမ္ဘာ့ဖလားပွဲ၁၁ပွဲကစားထားရာ မှာ၉ဂိုးသွင်းထားနိုင်တာဖြစ်ပြီးမက်ဆီရဲ့ကမ္ဘာ့ဖလား၅ကြိမ်သွင်းဂိုးပမာဏနှင့်အတူတူဖြစ်နေပြီးရော်နယ်ဒိုထက်တစ်ဂိုးပိုသာထားတာပါ။ သူဟာလာမယ့်ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်များတွင်ဂိုးများထပ်မံသွင်းယူနိုင်ကာဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဆိုပါက ပီလီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ဂိုးစံချိန်ကိုပါရိုက်ချိုးလာနိုင်ဖို့ရှိနေပါတယ်။ ဒါ့အပြင်သူဟာအသက်၂၃နှစ်အရွယ်တည်းသာရှိသေးသည့်အတွက် ကလိုဆေးရဲ့ကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့၁၆ဂိုးစံချိန်ကိုလည်းရိုက်ချိုးလာဖို့ရှိနေပါတယ်။ ဘာပေ ဟာပိုလန်နှင့်ပွဲတွင်ကိုယ်တိုင်နှစ်ဂိုးသွင်းခဲ့တဲ့အပြင်ဂျရူးကိုလည်းပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ ဂျရူးဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်…

Sports

ဒဏ်ရာရသွားတဲ့ဘန်ဇီမာနေရာအစားထိုးဖို့အတွက်ပြင်သစ်နည်းပြရဲ့ ရဲရင့်တဲ့ဆုံးဖြတ်ချက်

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်က ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူး ဘန်ဇီမာရဲ့ နေရာကို အစားထိုးမှု ပြုလုပ်မှာ မဟုတ်ဘဲ တစ်ယောက်လျော့နေတဲ့ လက်ရှိ လူစာရင်းဖြင့်ပဲ ကမ္ဘာ့ဖလားကို ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သတ္တိရှိစွာနဲ့…

News

ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်အသင်းနှင့်အတူ ပါဝင်ခွင့်ရဖို့အတွက် စိုးရိမ်နေရပြီဖြစ်တဲ့ မန်ယူနောက်ခံကစားသမား

ပြင်သစ်နောက်ခံလူရာဖေးဗာရန်း ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်း တစ်ဖက် တစ်ဂိုးစီ သရေကျ ခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပြီးနောက် ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိုးရိမ်ပူပန်နေရပါပြီ။ စတန်းဖို့ဒ်ဘရစ်ချ်မှာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လို့ စနေနေ့ညက…