ပြင်သစ် vs မော်ရိုကို

Sports

သူတို့အသင်းကိုအနိုင်ယူသွားတဲ့ပြင်သစ်အသင်းရဲ့နည်းစနစ်ကိုဖွင့်ချသွားတဲ့မော်ရိုကိုကွင်းလယ်လူ

ပြင်သစ်ကမော်ရိုကိုအနိုင်ယူကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်အိုလီဗီယာဂျရူးအသုံးပြုခဲ့တဲ့ဗျူဟာကိုဆော့ဖ်ရမ် အမ်ရာဘက်က ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိချန်ပီယံပြင်သစ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကမြောက်အာဖရိကသားများကို၂-၀ဂိုးဖြင့်အနိုင်ကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့နှစ်ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပါတယ်။ မော်ရိုကိုအလယ်တန်းကစားသမားအမ်ရာဘက်ဟာမနေ့ညကပွဲစဉ်တွင်ပြင်သစ်တိုက်စစ်မှူးအိုလီဗီယာဂျရူးနှင့်အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အမ်ရာဘက်က “သူတို့ရဲ့တိုက်စစ်မှူး။ အိုလီဗီယာဂျရူးလေ။ကျုပ်နောက်ကိုချဉ်းလိုက်နေတယ်။ကွင်းထဲကဘယ်နေရာသွားသွားလိုက်နေတယ်။သူ့ကိုမလိုက်နဲ့ရပ်တော့လို့ပြောခဲ့တယ်။သူကတစ်ပွဲလုံးမင်းနောက်လိုက်ဖို့စီစဉ်ထားတယ်လို့ပြန်ပြောတယ်”လို့ပြောကြားသွားပါတယ်။ ပြင်သစ်ဟာသီယိုဟာနန်ဒက်ဇ်၊ရန်ဒယ်ကိုလိုမူအာနီတို့ရဲ့ဂိုးဖြင့်မော်ရိုကိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ပြင်သစ်ဟာတနင်္ဂနွေနေ့မှာ Lusail Stadium တွင်အာဂျင်တီးနားနှင့်ဗိုလ်လုပွဲကစားရပါမယ်။မော်ရိုကိုဟာလည်းစနေနေ့တွင်ခရိုအေးရှားနှင့်တတိယလုပွဲကစားရပါမယ်။