ပေါက်ကွဲနေတဲ့ပရိတ်သတ်များ

Sports

ဂတ်ပိုကိုလီဗာပူးထံလက်လွှတ်လိုက်ရလို့မန်ယူဘုတ်အဖွဲ့ကိုပေါက်ကွဲနေတဲ့ ပရိတ်သတ်များ

ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးထံသို့ သူတို့ရဲ့အဓိကပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီနဲ့နယ်သာလန်တိုက်စစ်မှူး ကိုဒီဂတ်ပိုကို လက်လွှတ်လိုက်ရပြီးနောက်ယူနိုက်တက်ပရိတ်သတ်များဟာမန်ယူ ဘုတ် အဖွဲ့ကိုအကြီးအကျယ်ဒေါသထွက်နေကြပါတယ်။ ဂတ်ပိုဟာနွေရာသီကတည်းကယူနိုက်တက်ရဲ့ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပြီးဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အိုးထရက်ဖို့ဒ်သို့ရောက်လာမယ်လို့ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ အထူးသဖြင့်ယူနိုက်တက်ဟာကမ္ဘာ့ဖလားမတိုင်မီခရစ္စတီယာနိုရော်နယ်ဒိုကိုဆုံးရှုံးခဲ့ရရာကိုဒီဂတ်ပိုမှာယူနိုက်တက်သို့သေချာပေါက်ရောက်လာမဲ့သူလို့ပရိသတ်များယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့လီဗာပူးဟာယူနိုက်တက်ကိုနှပ်ချကာဂတ်ပိုအားပေါင်၃၇သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပီအက်စ်ဗွီကဂတ်ပိုရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးလီဗာပူးနှင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း၊ကစားသမားမှာမကြာမီအင်္ဂလန်သို့သွားရောက်ကာဆေးစစ်မှုခံယူပြီးအပြောင်းအရွှေ့အပြီးသတ်သွားမှာဖြစ်ကြောင်းကြေညာသွားပါတယ်။ ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာဂတ်ပိုကိုဆုံးရှုံးလိုက်ရမှုအတွက်ဘုတ်အဖွဲ့ကိုအကြီးအကျယ်ဒေါသထွက်နေကြပါတယ်။ ပရိသတ်တစ်ဦးက “ဂတ်ပိုကိုမခေါ်ယူလိုက်နိုင်တာအကြီးမားဆုံးအမှားဖြစ်လာလိမ့်မယ်။ဒီဘုတ်အဖွဲ့ကရယ်စရာပဲ။ကလပ်ကိုရောင်းချမဲ့ အချိန်ကိုမစောင့်နိုင်အောင်ဖြစ်နေပြီ”လို့ဆိုသွားပါတယ်။ အခြားတစ်ဦးကလည်း…