ပီလီ

Sports

ပီလီ ကလိုဆေး မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့စံချိန်တွေကို တဖြေးဖြေးရိုက်ချိုးလာတဲ့ အမ်ဘာပေ

မနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိကာပြင်သစ်တို့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အမ်ဘာပေဟာ ပီလီရဲ့ကမ္ဘာ့ဖလားစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။ ကိုင်လီအမ်ဘာပေ ဟာပိုလန်နှင့်ပွဲမတိုင်မီကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသက်၂၄နှစ်ရှိကစားသမားများတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပီလီနှင့်၇ဂိုးဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီစတားဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်၉ဂိုးဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အသက်၂၄နှစ်အောက်ကစားသမားများတွင်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ် ခဲ့ပါတယ်။ ဘာပေဟာကမ္ဘာ့ဖလားပွဲ၁၁ပွဲကစားထားရာ မှာ၉ဂိုးသွင်းထားနိုင်တာဖြစ်ပြီးမက်ဆီရဲ့ကမ္ဘာ့ဖလား၅ကြိမ်သွင်းဂိုးပမာဏနှင့်အတူတူဖြစ်နေပြီးရော်နယ်ဒိုထက်တစ်ဂိုးပိုသာထားတာပါ။ သူဟာလာမယ့်ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်များတွင်ဂိုးများထပ်မံသွင်းယူနိုင်ကာဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဆိုပါက ပီလီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ဂိုးစံချိန်ကိုပါရိုက်ချိုးလာနိုင်ဖို့ရှိနေပါတယ်။ ဒါ့အပြင်သူဟာအသက်၂၃နှစ်အရွယ်တည်းသာရှိသေးသည့်အတွက် ကလိုဆေးရဲ့ကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့၁၆ဂိုးစံချိန်ကိုလည်းရိုက်ချိုးလာဖို့ရှိနေပါတယ်။ ဘာပေ ဟာပိုလန်နှင့်ပွဲတွင်ကိုယ်တိုင်နှစ်ဂိုးသွင်းခဲ့တဲ့အပြင်ဂျရူးကိုလည်းပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ ဂျရူးဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်…