မက်ဆီဟာဘက်ခမ်းပိုင်တဲ့မေဂျာလိဂ်ကလပ်အင်တာမီယာမီကိုတကယ်ပြောင်းရွှေ့တော့မှာလား
ကမ္ဘာ့ဖလား ရယူဖို့စိတ်အားထက်သန်နေတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာရာသီအကုန်တွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကအမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီသို့ပြောင်းမယ်လို့သတင်းထွက်ပေါ်လာပါတယ်။ အသက်၃၅နှစ်ရှိမက်ဆီဟာ၂၀၂၁ခုနှစ်နွေရာသီတုန်းကဘာစီလိုနာ မှပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာကာပီအက်စ်ဂျီသို့ နှစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ််။ သူဟာပြင်သစ်ဘောလုံးလောကပထမဆုံးရာသီတွင်လီဂူး၁မှာ၆ဂိုးတည်းသာသွင်းယူပြီးရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာယခုရာသီမှာအကောင်းဆုံးပုံစံရလာရုံတင်မက အကောင်းဆုံးရာသီတစ်ခုကိုပါပိုင်ဆိုင်နိုင်မဲ့အလားအလာတွင်ရှိနေပါတယ်။ သူဟာယခုရာသီပြိုင်ပွဲအရပ်ရပ်တွင်ပီအက်စ်ဂျီအတွက်၁၇ပွဲကစားထားရာမှာ၁၂ဂိုးသွင်းယူပြီး၁၃ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။ အာဂျင်တီးနားစူပါစတားဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာနဲ့အညီ ပဲရစ်တွင်ဆက်နေမလား၊အသင်းဟောင်းဘာစီလိုနာသို့ပြောင်းမလား၊ ဒါမှမဟုတ်အခြားကလပ်တစ်ခုသို့ပြောင်းမလားဆိုတာကို…