မန်ချက်စတာယူနိုက်တက်ကိုမစွန့်ခွာနိုင်လို့လစာလျော့ယူပြီးစာချုပ်သစ်ချုပ်ဆိုတော့မဲ့ ဒီဂီယာ
မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာ ဆိုတာဟာ လုံးဝခွဲခြားလို့မရတဲ့ ပုံရိပ်တစ်ခုပါပဲ။ အသင်းအပေါ်သံယောဇဥ်အလွန်ကြီးတဲ့ ဒေးဗစ်ဒီဂီယာ ဟာ မန်ချက်စတာယူနိုက်တက်နှင့် စာချုပ်သစ်ချုပ်ဆိုရာတွင် လုပ်ခလျှော့ယူသွားရန်အသင့်ရှိနေကြောင်းသိရပါတယ်။ စပိန်ဂိုးသမားဟာလက်ရှိအချိန်တွင်ယူနိုက်တက်မှာတစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀ရရှိနေသူဖြစ်ပြီးကမ္ဘာ့လုပ်ခအများဆုံးဂိုးသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။ အသက်၃၁နှစ်ရှိဒီဂီယာဟာ၂၀၁၁ခုနှစ်တွင်အက်သလက်တီကိုမှယူနိုက်တက်သို့ပေါင်၁၉သန်းဖြင့်ရောက်လာကတည်းက ဦးစားပေးဂိုးသမားအဖြစ်ကစားလာသူလည်းဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်မှာ၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပေမဲ့စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ထည့်သွင်းထားပါတယ်။ဒါပေမဲ့ယူနိုက်တက်ဘက်က…