သောမတ်စ်တူချယ်အား ဒီယေဂိုဆီမြွန်နီနေရာတွင် အစားထိုးတော့မည့် အက်သလက်တီကို
ချန်ပီယံလိဂ်ဘီလူးကြီး ရီးရဲမက်ဒရစ်ရဲ့မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ဟာအသင်းကိုကာလရှည်ကြာကိုင်တွယ်လာတဲ့ဒီယေဂိုဆီမြွန်နီ၏နေရာတွင် ချဲလ်ဆီးမှအထုပ်ခံရပြီး အသင်းလက်မဲ့ဖြစ်နေသော သောမတ်စ်တူချယ်ကို ခန့်အပ်ကာအပြောင်းအလဲလုပ်သွားရန်စီစဉ်နေကြောင်းသိရပါတယ်။ ဒီယေဂိုဆီမြွန်နီဟာယခုရာသီတွင်အက်သလက်တီကိုမှာချန်ပီယံလိဂ်မှထွက်ခွာထားရသလိုလာလီဂါတွင်လည်းချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခြင်းမရှိမှုကြောင့်ဖိအားများဖြင့်ကြုံတွေ့နေရပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြဟာ၂၀၁၁ခုနှစ်ကတည်းကအက်သလက်တီကိုမက်ဒရစ်ကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီးယူရိုပါလိဂ်ဖလား၂ကြိမ်နှင့်လာလီဂါဖလား၂ကြိမ်ရယူပေးထားပါတယ်။ ဒါပေမဲ့အက်သလက်တီကိုမက်ဒရစ်တာဝန်ရှိသူများဟာဒီယေဂိုဆီမြွန်နီအားထုတ်ပယ်ပြီးအသင်းကိုအပြောင်းအလဲပြုလုပ်ရန်စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြနေပါတယ်။ စပိန်မီဒီယာများကအက်သလက်တီကိုဟာဆီမြွန်နီကိုထုတ်ပယ်လာပါက ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကို ခန့်အပ်လာမည်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။…