တိုနီခရူး

Sports

တစ်သက်လုံးထိမ်းလာခဲ့တဲ့စံချိန် ကျိုးပျက်ခဲ့တဲ့တိုနီခရူး

ကစားသမားဘဝ တစ်လျှောက်လုံး စံချိန်တင်ထားတဲ့ တိုနီခရူးစ်ဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်နှင့်ဂီရိုနာတို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်ပထမဆုံးအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။ ဂျာမနီသားဟာဂီရိုနာနှင့်ပွဲစဉ်ရဲ့နာကျင်အချိန်ပိုတွင်နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၅နှစ်ကျော်အတွင်းပထမဆုံးအနီကတ်ပြသခံခဲ့ရတာလည်းဖြစ်ပြီး သူ့ရဲ့စံချိန်လဲကျိုးပျက်ခဲ့ရပါတယ်။ မနေ့ညတုန်းကပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်ဟာဗီနီရှပ်စ်ဂျူနီယာရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပွဲပြီးရန်၁၀မိနစ်အလိုတွင် အဆန်စီယိုရဲ့လက်ထိဘောမှတဆင့်ရရှိတဲ့ပင်နယ်တီမှတဆင့်ခရစ္စတီယန်စတူအာနီကဂီရိုနာအတွက်ပြန်လည်ချေပခဲ့ပါတယ်။ ပွဲပြီးခါနီးမိနစ်၉၀တွင်ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်အတွက်အနိုင်ဂိုးသွင်းခဲ့ပေမဲ့လည်းဂိုးသမားလက်ထဲမှဘောလုံးကိုလုကန်တယ်ဆိုပြီး VAR ကခွင့်မပြုခဲ့ပါဘူး။ ဂီရိုနာနှင့်သရေကျပေမဲ့ရီးရဲလ်မက်ဒရစ်ဟာလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့ပြီးဒုတိယနေရာမှာဘာစီလိုနာကိုတစ်မှတ်ဖြတ်ထားတုန်းဖြစ်ပါတယ်။ အသက်၃၂နှစ်ရှိဂျာမနီလက်ရွေးစင်ဟောင်းတိုနီခရူးစ်ဟာဘိုင်ယန်မြူးနစ်အတွက်ကစားတဲ့…