ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အာဂျင်တီးနားရရှိမည့်ဆုကြေးများ
တနင်္ဂနွေနေ့ညတုန်းကလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင်ဦးဆောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမှုနဲ့အတူအာဂျင်တီးနားအသင်းဟာဆုကြေးငွေပေါင်၃၅သန်းဝန်းကျင်ရရှိလာပါမယ်။ ယင်းဆုကြေးငွေပမာဏဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကရုရှားကမ္ဘာ့ဖလားချန်ပီယံပြင်သစ်တို့ရရှိတဲ့ပမာဏထက်ပေါင်၃သန်းပိုမိုများပြားတဲ့ပမာဏဖြစ်ပါတယ်။ ဗိုလ်လုပွဲတွင်ရှုံးနိမ့်ကာဒုတိယဆုဖြင့်ကျေနပ်ခဲ့ရတဲ့ပြင်သစ်မှာချန်ပီယံအာဂျင်တီးနားထက်ပေါင်၁၀သန်းလျှော့နည်းပြီးရရှိလာပါမယ်။ အာဂျင်တီးနားနှင့်ဒုတိယရရှိတဲ့ပြင်သစ်အကြားဆုကြေးများစွာကွာဟပေမဲ့ ပြင်သစ်နဲ့တတိယရရှိတဲ့ခရိုအေးရှားအကြားဆုကြေးကွာဟမှုကကျဉ်းမြောင်းပါတယ်။ ဒုတိယရရှိတဲ့ပြင်သစ်ကဆုကြေးငွေပေါင်၂၄သန်းရရှိပြီးတတိယရရှိတဲ့ခရိုအေးရှားကပေါင်၂၂သန်းရရှိပါမယ်။စတုတ္ထရရှိတဲ့မော်ရိုကိုကလည်းပေါင်၂၁သန်းရရှိပါမယ်။ ကွာတားဖိုင်နယ်ရောက်ပေါ်တူဂီ၊ဘရာဇီး၊အင်္ဂလန်နှင့်နယ်သာလန်တို့မှာလည်းဆုကြေးငွေပေါင်၁၄သန်းရရှိပါမယ်။ ၁၆သင်းအဆင့်တွင်ကျန်ခဲ့တဲ့အသင်းများမှာလည်းပေါင်၁၁သန်းရရှိပါမယ်။အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အသင်းများမှာလည်းပေါင်၇သန်းအထိရရှိမှာဖြစ်ပါတယ်။