ဆီနီဂေါ

Sports

ဖီဖာရဲ့စည်းမျဥ်းချိုးဖောက်မှုကြောင့်စုံစမ်းစစ်ဆေးခံနေရတဲ့ ဆီနီဂေါ

အီကွေဒေါကိုအနိုင်ရရှိပြီးအုပ်စုအဆင့်မှ တက်ရောက်ခဲ့ပြီးနောက် ဆီနီဂေါအသင်းဟာ ဖီဖာစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ အလူဆစ်စီရဲ့ဆီနီဂေါဟာအုပ်စုနောက်ဆုံးပွဲတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာ ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့တွင်အင်္ဂလန်နှင့်ရင်ဆိုင် ကစားရပါမယ်။ ဒါပေမဲ့၎င်းတို့ဟာအီကွေဒေါကိုအနိုင်ရတဲ့ပွဲမတိုင်မီဖီဖာစည်းမျဉ်းချိုးဖောက်မှုနှင့်အတူဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ ဖီဖာရဲ့စည်းမျဉ်းအရပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့နည်းပြအပြင်ကစားသမားတစ်ဦးပါတက်ရောက်ရပါမယ်။ ဆစ်စီဟာပထမပွဲနှစ်ပွဲတုန်းကကစားသမားတစ်ဦးစီခေါ်ယူပြီးသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပေမဲ့အီကွေဒေါနှင့်ပွဲမတိုင်မီမှာတော့တစ်ဦးတည်းတက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်းဖီဖာကဆီနီဂေါအသင်းရဲ့စည်းကမ်းချိုးဖောက်မှုကိုစစ်ဆေးမှုပြုလုပ်နေကြောင်းကြေညာလာပါတယ်။ ဆီနီဂေါဟာပေါင်၈၈၀၀ဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ဂျာမနီဟာလည်းစပိန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့ကစားသမားခေါ်ဆောင်လာခြင်းမရှိမှုကြောင့်ပေါင်၈၈၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။…

Sports

ဒူးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားကိုလွဲချော်မည့်ဆီနီဂေါစတား

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဲ နီးလာသည်နှင့်အမျှ နိုင်ငံကိုယ်စားပြု ကစားသမားတွေ ဒဏ်ရာရတဲ့သတင်းက မကြားချင်တဆုံး ကြားနေရပါတယ်။ ယခုလဲဆာဒေယိုမာနေးဟာမနေ့ညတုန်းကဝါဒါဘရီမင်ကိုဘိုင်ယန်မြူးနစ်က၆-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။ ဆီနီဂေါစတားဟာပွဲအစ၁၅မိနစ်တွင်ပင်ဒဏ်ရာရရှိကာလီရွိုင်းဆာနေးနှင့်လူစားလဲလှယ်ခဲ့ရပါတယ်။ သူဟာနယ်သာလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရန်၁၃ရက်သာလိုတော့တဲ့အချိန်တွင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲလွဲမည်ကိုစိုးရိမ်ခဲ့ရပါတယ်။ ဒါပေမဲ့ပြင်သစ်မီဒီယာ L’Equipe ကဆာဒေယိုမာနေးမှာဒူးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မည်ဖြစ်ကြောင်းဖော်ပြလာပါတယ်။ တကယ်လို့များမာနေးသာလွဲချော်မည်ဆိုပါကဆီနီဂေါအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါမယ်။သူဟာဖေဖော်ဝါရီလတုန်းကလည်းဆီနီဂေါကိုအာဖရိကဖလားချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဆီနီဂေါဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်နယ်သာလန်၊အီကွေဒေါ၊ကာတာတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။ နာမည်ကြီးကစားသမားတွေ…