စံချိန်တင်ရမှတ်

Sports

ယခုလက်ရှိခြေစွမ်းကိုထိမ်းထားရုံဖြင့်စံချိန်တင်ရမှတ်နဲ့ဗိုလ်စွဲမဲ့အာဆင်နယ်

ယခုနှစ်​ဘောလုံးရာသီအကုန်တွင် ပရီးမီးယားလိဂ်စံချိန်တင်ရမှတ်ရယူပြီး ချန်ပီယံဖြစ်နိုင်မဲ့အခွင့်အရေးကို ဆင်ပျံကြီး အာဆင်နယ် ရရှိထားပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၁၂ပွဲတွင်ရမှတ်၅မှတ်တည်းသာဆုံးရှုံးထားရပြီး၁၀ပွဲနိုင်၊၁ပွဲသရေဖြင့်၁ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။ အာတီတာရဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်မနှစ်ကချန်ပီယံမန်စီးတီးကို ၂မှတ်ဖြတ်ပြီးဦးဆောင်ထားပါတယ်။ တကယ်လို့များအာဆင်နယ်ဟာယခုရာသီတွင်ကစားခဲ့တဲ့ခြေစွမ်းနှင့်ရလဒ်ကိုရာသီအကုန်အထိဆက်ထိန်းထားနိုင်မည်ဆိုပါကပရီးမီးယားလိဂ်စံချိန်တင်ရမှတ်၉၉မှတ်အထိရယူကာချန်ပီယံဖြစ်လာပါမယ်။ အာဆင်နယ်ရဲ့ယခင်ပရီးမီးယားလိဂ်တွင်အမြင့်မားဆုံးရမှတ်ရရှိခဲ့မှုက၁၉၉၂ခုနှစ်တုန်းကရမှတ်၉၀မှတ်ရယူနိုင်ခဲ့ပါတယ်။ယင်းစံချိန်ကိုအာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီမှလိုက်မီနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီတုန်းကရှုံးပွဲမရှိပေမဲ့လည်း၃၈ပွဲတွင်၁၂ပွဲအထိသရေကျမှုနှင့်အတူအမှတ်များစွာဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အာတီတာရဲ့ယခုရာသီအာဆင်နယ်ကတော့ရာသီအကုန်အထိလက်ရှိရလဒ်ပိုင်းကိုထိန်းထားနိုင်မည်ဆိုပါက ၉၉မှတ်ဖြင့်ချန်ပီယံဖြစ်မဲ့အပြင်ဒုတိယနေရာမှမန်စီးတီးကို၇မှတ်အထိဖြတ်ထားလာနိုင်ပါမယ်။ ပရိတ်သတ်တွေရော ဆင်ပျံကြီးအာဆင်နယ်…