စူပါကွန်ပြူတာရဲ့ ကမ္ဘာ့ဖလားဆီမီး နှင့် ဖိုင်နယ်ဟောကိန်းများ
ကာတာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များရလဒ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲရလဒ်များကိုစူပါကွန်ပြူတာက ဟောကိန်းထုတ်ပေးလိုက်ပါပြီ။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ်အာဂျင်တီးနားနှင့်ခရိုအေးရှား၊ပြင်သစ်နှင့်မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံနေပါတယ်။ စူပါကွန်ပျူတာကကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များတွင်အာဂျင်တီးနားနှင့်ပြင်သစ်တို့အသီးသီးအနိုင်ရရှိပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်မယ်လို့ဟောကိန်းထုတ်သွားပါတယ်။ ဒီဇင်ဘာလ၁၈ရက်နေ့ Lusail Stadium ဗိုလ်လုပွဲတွင်ပြင်သစ်ကအာဂျင်တီးနားကိုအနိုင်ယူပြီးကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်သွားမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်လာပါတယ်။ တကယ်လို့များ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်သာဗိုလ်စွဲလာမယ်ဆိုရင်တော့ အီတလီ၊ဘရာဇီးတို့နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့တတိယမြောက်အသင်းဖြစ်လာပါမယ်။ ဟောကိန်းမှန်မမှန်ကိုတော့ ဘောပွဲတွေစောင့်ကြည့်ရင်း အားပေးကြပါစို့။