စပိန်အသင်းထွက်

Sports

အကြိမ်တစ်ထောင်လေ့ကျင့်ခဲ့ပေမဲ့ပင်နတီတစ်လုံးမှမဝင်တဲ့စပိန်

ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှထွက်ခွာရမှုမှစပိန်အသင်းရှောင်လွဲနိုင်အောင်နည်းပြအင်းနရစ်က ပင်နယ်တီ အကြိမ် တစ်ထောင်လေ့ကျင့်စေခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုစပိန်အသင်းဟာအင်္ဂါနေ့ညတုန်းကမော်ရိုကိုကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။ မော်ရိုကိုဟာစပိန်ကိုပွဲချိန်နှင့်အချိန်ပိုတို့တွင်ဂိုးမရှိသရေကစားပြီးနောက်ပင်နယ်တီအဆုံးဖြတ်တွင်၃-၀ဂိုးဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့အံ့ဩသင့်ဖွယ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စပိန်အသင်းမှပါဘလိုဆာရာဘီယာ၊ကားလို့စ်ဆိုလာနှင့်အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဇ်တို့ပင်နယ်တီမဝင်ခဲ့ကြပါဘူး။ မော်ရိုကိုဘက်ကတော့ဆာဘီရီ၊ဟာကီမီနှင့်ဟာကမ်ဇီယက်ချ်တို့ပင်နယ်တီအသီးသီးဝင်ခဲ့ကြပါတယ်။ မော်ရိုကိုအသင်းဟာသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီးပေါ်တူဂီနှင့်ရင်ဆိုင်ကစားရပါမယ်။ မော်ရိုကိုနှင့်ပွဲမတိုင်မီစပိန်နည်းပြအင်းနရစ်ကယူရို၂၀၂၀တုန်းကအီတလီကိုပင်နယ်တီဖြင့်ရှုံးနိမ့်ကာထွက်ခွာရတာမျိုးမဖြစ်အောင် ကစားသမားများ ပင်နယ်တီကန်သွင်းမှုအနည်းဆုံးအကြိမ် တစ်ထောင်လေ့ကျင့်ခိုင်းထားကြောင်းပြောကြားခဲ့ဖူးပါတယ်။ စပိန်ကစားသမားများဟာပင်နယ်တီအကြိမ်တစ်ထောင်လေ့ကျင့်ထားခဲ့ကြပေမဲ့လည်းမော်ရိုကိုနှင့်ပွဲမှာအလုပ်မဖြစ်ဘဲတစ်လုံးမျှဝင်အောင်မကန်နိုင်ခဲ့ကြပါဘူး။ မော်ရိုကိုနှင့်ပွဲမတိုင်မီလူးဝစ်အင်းနရစ်က “သူတို့အိမ်စာလုပ်ကြပြီးပြီလို့ထင်တယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်စပိန်လေ့ကျင့်ရေးစခန်းတစ်ခုမှာတုန်းကသူတို့ကိုအနည်းဆုံးပင်နယ်တီကန်သွင်းမှုတစ်ထောင်လေ့ကျင့်ထားကြဖို့ပြောခဲ့တယ်။ ဒီကိုရောက်တော့မှပင်နယ်တီလေ့ကျင့်မယ်ဆိုရင်မလုံလောက်တော့ပါဘူး။ပင်နယ်တီတစ်ထောင်ကန်သွင်းမှုလေ့ကျင့်ထားမှသာစိတ်လှုပ်ရှားမှုမြင့်မားတဲ့အချိန်မျိုးမှာလိုရာသို့ရောက်အောင်ကန်သွင်းမယ်”လို့ပြောကြားခဲ့ပါတယ်။…