စပါး

Sports

အရိုးအက်ဒဏ်ရာခွဲစိတ်ရန်လိုအပ်ပြီးနောက်ကမ္ဘာ့ဖလားတွင်ပါဝင်ခွင့်မရမဲ့အရေးရင်ဆိုင်နေရတဲ့ဆွန်ယောင်မင်

စပါးစ်နှင့်တောင်ကိုရီးယားစတားဆန်ဟောင်မင်းဟာဘယ်ဖက်မျက်ခုံးရိုးအက်ဒဏ်ရာကိုခွဲစိတ်ကုသရန်လိုအပ်နေမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်နိုင်ရန်မရေမရာဖြစ်နေပါတယ်။ အသက်၃၀နှစ်ရှိဆန်ဟောင်မင်းဟာအင်္ဂါနေ့တုန်းကပြင်သစ်တွင်မာဆေးလ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားဟာလာမယ့်နိုဝင်ဘာလ၂၄ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဥရုဂွေးနှင့်ရင်ဆိုင်ကစားရပါမယ်။ စပါးစ်ကဆန်ဟောင်မင်းမှာမည်သည့်အချိန်တွင်ခွဲစိတ်ကုသမှုပြုလုပ်လာမယ်၊ဘယ်လောက်အနားယူရမယ်ဆိုတာကြေညာသွားခြင်းမရှိပါဘူး။ မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းမှာလည်း၂၀၂၁ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကနှခေါင်းရိုးကျိုးပြီးမျက်လုံးခွံထိခိုက်တဲ့ဒဏ်ရာရရှိခဲ့ပေမဲ့၁၉ရက်အကြာတွင်ကစားရတဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားခဲ့ဖူးရာ ဆန်ဟောင်မင်းမှာလည်းကစားလာနိုင်ဖို့ရှိပါတယ်။ ဆန်ဟောင်မင်းဟာတောင်ကိုရီးယားအတွက်၁၀၄ပွဲကစားကာ၃၅ဂိုးသွင်းထားပါတယ်။တောင်ကိုရီးယားဟာကာတာကမ္ဘာ့ဖလားအုပ်စု(ဇ)တွင်ပေါ်တူဂီ၊ဂါနာ၊ဥရုဂွေးတို့နှင့်တစ်အုပ်စုတည်းကျနေပါတယ်။ ဆန်ဟောင်မင်းဟာလာမယ့်တနင်္ဂနွေနေ့တွင်လီဗာပူးကိုဧည့်ခံကစားရမယ့်ပွဲစဉ်မှာ ပါဝင်လာဖို့မရှိပါဘူး။

Sports

နည်းပြစကားကိုနားမထောင်ခဲ့ကြလို့ဥရောပပြိုင်ပွဲရပ်ဝန်းကနေလွှင့်စင်ခဲ့ရတဲ့မာဆေးလ်

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မာဆေးလ်အသင်းဟာ တော့တင်ဟမ်ဟော့စပါး အသင်း နဲ့ ၁-၁ဖြင့် သရေ ရလဒ်ဖြစ် နေမှုကို ထိန်းသိမ်းထားနိုင်ပါက ယူရိုပါလိဂ် ဝင်ခွင့် ရရှိမှာ…

News

ဘုန်းမောက်ပြီးရင် မာဆေးအလှည့်လို့ ပြင်သစ်အသင်းကိုခြိမ်းခြောက်လိုက်တဲ့စပါးနည်းပြ

ချန်ပီယံလိဒ်မှာ နောက်တစ်ဆင့်တက်ဖို့အတွက် အသဲအသန်အမှတ်လိုအပ်နေတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ မာဆေးလ်နဲ့ပွဲစဉ်မှာ ဘုန်းမောက်နဲ့ပွဲကရခဲ့တဲ့ နိုင်ပွဲဆာလောင်စိတ်ကို အသုံးချမယ်လို့ စပါးနည်းပြ ကွန်တီက…

News

မန်ယူ vs စပါး ပွဲအပြီးပြောစရာအချက်များနှင့် ​သူတို့ဟာ အဆဲခံရဖို့မထိုက်တန်သေးကြောင်းသက်သေပြခဲ့တဲ့ကွင်းလယ်လူနှစ်ဦး

ဘရူနိုဖာနန်ဒက်စ် ရဲ့ပွဲတိုင်းတလွဲကန်နေတဲ့ ဂိုးပေါက်ဟာ ဒီညမှာတော့ တဲ့သွားခဲ့ပါပြီ ။ တော့တင်ဟမ် ဟော့စပါး ကတော့ ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲကို ကြုံသွားခဲ့ရပြီး ချန်ပီယံဆု စိန်ခေါ်နိုင်ဖို့အတွက် မျှော်လင့်ချက်…

News

ပရီးမီးယားလိဂ်ဖလားကို စပါးအသင်းစိန်ခေါ်နိုင်မည်ဆိုပါက ကမ္ဘာ့ဖလားမကန်ရလဲ ပြဿနာမရှိဟု ပြောကြားလိုက်တဲ့ အဂ်လန်အသင်းခေါင်းဆောင်

ပရီးမီးယားလိဂ်အမှတ်​ပေးဖလားအတွက်​ တော့တင်ဟမ် ဟော့စပါး အသင်း ဆက်လက်စိန်ခေါ်နိုင်မယ်ဆိုပါ ကမ္ဘာ့ဖလား အိပ်မက် အပျက်အစီးခံရန် အဂ်လန်နှင့်စပါးအသင်းခေါင်း​ဆောင် ဟယ်ရီကိန်း က သင့်ရှိနေပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားရမှာဖြစ်ပေမဲ့လည်း စပါးရဲ့ နောက်ဆုံး…

News

စပါးနှင့်ရင်ဆိုင်ရမည့် မန်ချက်စတာယူနိုက်တက်အတွက် သတင်းဆိုးနှင့်သတင်းကောင်း

မန်ချက်စတာယူနိုက်တက် အသင်း ဟာ တော့တင်ဟမ် ဟော့စပါး အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက် အန်တိုနီ မာရှယ် လွဲချော်…

News

စပါးနှင့်ပွဲတွင် ကြယ်ပွင့်ကစားသမားတစ်ဦးကို အသုံးမပြုဖို့ တန်ဟတ်အား ပေါလ်မာဆင်တိုက်တွန်း

အာဆင်နယ် ဂန္တဝင် ပေါလ်မာဆင် က တော့တင်ဟမ် ဟော့စပါး နဲ့ ယှဉ်ပြိုင် ကစား မည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဂျေဒန် ဆန်ချို ကို အသုံးမပြုဖို့…