စူပါအေးဂျင့်ဂျော့မန်ဒက်စ်နှင့် ခရစ္စတီယာနိုရော်နယ်ဒို တို့ဟာပြီးခဲ့တဲ့အပတ်တုန်းက လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ရေးအတွက်ဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။ Ballon d’Or ၅ကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ အငြင်းပွားဖွယ်အင်တာဗျူးတွင် ယူနိုက်တက်၊ဂလေဇာမိသားစုနှင့်နည်းပြအဲရစ်တန်ဟက်တို့ကို ဝေဖန်မှုပြုလုပ်ထားပါတယ်။ဒါ့အပြင်မိနစ်၉၀ကြာမြင့်တဲ့ ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားဖော်ဟောင်းဝိန်းရွန်းနီနှင့်ဂယ်ရီနဗီးတို့ကိုဝေဖန်ထားပါတယ်။ ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးအပြည့်အစုံ ပြသလာမယ့်ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့အထိစောင့်ဆိုင်းပြီးမှ…