ဂါနာ

Sports

အုပ်စုအဆင့်ထွက်ခဲ့ရပေမဲ့ကခုန်ပြီးအောင်ပွဲခံကြတဲ့ဂါနာပရိတ်သတ်များ

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဥရုဂွေးအသင်းကိုလည်းအုပ်စုအဆင့်မှထွက်ခွာရအောင်လုပ်ဆောင်နိုင်မှုနှင့်အတူ ဂါနာပရိတ်သတ်များဟာ အောင်ပွဲခံခဲ့ကြပါတယ်။ ဂါနာဟာဥရုဂွေးအသင်းကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဥရုဂွေးဟာဂါနာကိုအနိုင်ရရှိခဲ့ပေမဲ့လည်းတောင်ကိုရီးယားကပေါ်တူဂီကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနဲ့အတူ ပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။ ဂါနာပရိသတ်များဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဥရုဂွေးကိုလည်းထွက်ခွာရအောင်လုပ်ဆောင်နိုင်မှုနဲ့အတူ Al-Janoub Stadium တွင်အောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ ဂါနာပရိသတ်များဟာ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကွာတားဖိုင်နယ်အဆင့်မှထွက်ခွာရအောင်လုပ်ဆောင်ခဲ့တဲ့ဥရုဂွေး မှ ဆွာရက်ရဲ့ လုပ်ရပ် ကိုကလဲ့စားချေနိုင်မှုအတွက်အောင်ပွဲခံလာကြတာလည်းဖြစ်ပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဂါနာပရိသတ်များဟာ ပွဲအပြီးတွင်…