ဖီဖာမှကျင်းပသည့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ရက်အနည်းငယ် သာလိုပါတော့တယ်။ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကမွတ်စလင်နိုင်ငံတစ်ခုတွင် ပထမဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်သလို ဆောင်းရာသီမှာကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ လဲဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာမှုနှင့်အတူ ချန်ပီယံဖြစ်လာမယ့်အသင်းနဲ့ပတ်သက်ပြီးခန့်မှန်းချက်ကလည်းအများကြီးထွက်ပေါ်နေပါတယ်။ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်တဲ့အသင်း ဆုကြေးငွေဘယ်လောက်ရရှိလာမလဲဆို တာပါပဲ။ ဖီဖာဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်တဲ့အသင်း ဆုကြေးငွေဘယ်လောက်ရရှိလာမလဲဆိုတာကြေညာထားပြီးသားဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားချန်ပီယံအသင်းဟာဆုကြွေးငွေယူရို၃၈သန်းအထိရရှိမှာဖြစ်ပြီးဒုတိယရရှိတဲ့အသင်းကလည်းယူရို၂၇.၇သန်းရရှိပါမယ်။ တတိယရရှိတဲ့အသင်းကယူရို၂၄.၄၅သန်းနှင့်စတုတ္ထရရှိတဲ့အသင်းကယူရို၂၂.၆၄သန်း…