Sports

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဘယ်တော့စဖြန့်မှာလဲ

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဝတ်ဆင်နိုင်ဖို့အတွက်ဘောလုံးပရိတ်သတ်များဟာ ခရစ္စမတ်အပြီးအထိစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့အင်္ကျီသစ်တွင်ကမ္ဘာ့ဖလားသုံးကြိမ်ရမှုအဖြစ်ကြယ်သုံးလုံးပါဝင်လာပါမယ်။ အာဂျင်တီးနားဟာကာတာကမ္ဘာ့ဖလားချန်ပီယံမဖြစ်မီ၁၉၈၆နှင့်၁၉၇၈ခုနှစ်တို့တွင်လည်းကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ အာဂျင်တီးနားရဲ့အင်္ကျီသစ်မှာယခင်ဒီဇိုင်းအတိုင်းဖြစ်ပါတယ်။ဒါပေမဲ့ယခင်အင်္ကျီတွင်လိုဂိုအပေါ်ဘက်တွင်ကြယ်နှစ်ပွင့်ပါဝင်ပေမဲ့အင်္ကျီသစ်တွင်ကြယ်သုံးပွင့်ပါဝင်လာပါမယ်။ အာဂျင်တီးနားအတွက်အင်္ကျီထုတ်လုပ်ပေးနေတဲ့ Adidas ကအာဂျင်တီးနားအင်္ကျီသစ်ကိုလာမယ့်ဒီဇင်ဘာလ၂၈ရက်နေ့တွင်စတင်ရောင်းချသွားမယ်လို့ကြေညာလာပါတယ်။ အာဂျင်တီးနားအသင်းဟာမနေ့တုန်းကဗျူနိုအေးရိစ်တွင်ကမ္ဘာ့ဖလားလှည့်လည်အောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးပရိသတ်၄သန်းကျော်အထိကြိုဆိုအော င်ပွဲခံခဲ့ကြပါတယ်။ အာဂျင်တီးနားအင်္ကျီသစ်ဟာအမြောက်အမြားရောင်းချလာရရှိလာမယ်လို့ယုံကြည်ရပါတယ်။ မက်ဆီပရိတ်သတ်ဖြစ်တဲ့သူဆိုရင်တော့ ဝတ်ချင်ကြမှာ အသေချာပါ  

Sports

ငါးနှစ်အရွယ်ကလေးကိုးမားဝင်ပြီးလူတစ်ဦးသေဆုံးခဲ့တဲ့အာဂျင်တီးနားအောင်ပွဲခံပွဲ

ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်း လှည့်လည်အောင်ပွဲခံမှုကပရိသတ်များနှင့်ရဲများအကြားရန်ဖြစ်ပြီးအဆိုးရွားဆုံးပုံစံဖြင့်အဆုံးသတ်သွားခဲ့ပါတယ်။အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုကြောင့်လူတစ်ဦးသေဆုံးပြီးအသက်၅နှစ်အရွယ်ကလေးငယ်တစ်ဦးကိုးမားဖြစ်ခဲ့ပါတယ်။ ဗျူနိုအေးရိစ်တွင်အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံလှည့်လည်အောင်ပွဲခံမှုအားပရိသတ်၄.၂သန်းအထိလူပင်လယ်ကြီးဖြင့်ကြိုဆိုမှုပြုလုပ်ခဲ့ကြပြီးအဓိကရုဏ်းထိန်းရဲတို့ကတားဆီးမှုများပြုလုပ်ခဲ့ရပါတယ်။ အထူးသဖြင့်အာဂျင်တီးနားပရိသတ်အချို့တို့ကတံတားပေါ်မှခုန်ချကာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တက်ရန်ကြိုးပမ်းမှုပြုလုပ်ခြင်း၊ပရိသတ်များကလှောင်ပြောင်မှုများပြုလုပ်ခြင်းစတဲ့အရာများဖြစ်လာပြီးနောက်အခြေအနေဆိုးရွားသွားခဲ့တာလည်းဖြစ်ပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရပရိသတ်တစ်ဦးဟာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တံတားပေါ်မှခုန်ချရန်ကြိုးပမ်းရာမှာပေ၂၀အမြင့်မှပြုတ်ကျခဲ့တာတွေ့ရပါတယ်။ ယင်းနောက်ပိုင်းတွင်အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာလုံခြုံရေးပိုင်းစိုးရိမ်လာရမှုနဲ့အတူအမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံမှုကိုရပ်ဆိုင်းပြီးဟယ်လီကော်ပတာဖြင့်ထွက်ခွာသွားခဲ့ရပါတယ်။ ဒါ့အပြင်ပလာဇာဆန်မာတင်မှမတော်တဆမှုကြောင့်လည်းကလေးငယ်တစ်ဦးမှာခေါင်းဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိကာကိုးမားဖြစ်သွားခဲ့ကြောင်းသိရပါတယ်။ မီဒီယာများရဲ့ဖော်ပြချက်အရအောင်ပွဲခံစဉ်အတွင်းရုပ်တုတစ်ခုမှစကျင်ကျောက်ပဲ့ကျရာမှာကလေးငယ်ရဲ့ခေါင်းကိုထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရညပိုင်းတွင်းလည်းပရိသတ်များနှင့်ရဲတပ်ဖွဲ့ဝင်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတွေ့ရပါတယ်။ အလွန်ကျူးအောင်ပွဲခံတာက လူ့အသက်ဆုံးရှုံးရသည်အထိဖြစ်သွားတာတော့ စိတ်မကောင်းစရာပါ။  

Sports

ဖေ့စ်ဘုတ်အကောင့် ဟက်ခံရပြီးဟက်ကာက အပြာကားတင်ခဲ့တာခံလိုက်ရတဲ့ ဗန်ပါစီ

အာဆင်နယ်နှင့်မန်ချက်စတာယူနိက်တက် ဂန္ထဝင်ရော်ဘင်ဗန်ပါစီဟာသူ့ရဲ့ဖေ့စ် ဘုတ်စာမျက်နှာအဟက်ခံရပြီး ဟက်ကာက အပြာကားတင်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာချက် အလျှင်မြန်ပြုလုပ်လိုက်ရပါတယ်။ ရော်ဘင်ဗန်ပါစီရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ Follower ၁၈သန်းအထိရှိပြီးယင်းစာမျက်နှာတွင်အပြာကားတစ်ကားတင်လာမှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။ Star ရဲ့ဖော်ပြမှုအရရော်ဘင်ဗန်ပါစီရဲ့ဖေ့စ် ဘုတ်ပေ့ချ်တွင်ဗီဒီယိုင်ဖိုင်လေးဖိုင်တင်လာတာဖြစ်ပါတယ်။ဒါကြောင့်လည်းဗန်ပါစီကယင်းပို့စ်များကိုတင်သူမှာသူမဟုတ်ဘဲပေ့ချ်ကိုဟက်သွားတဲ့ ဟက်ကာကတင်ခဲ့ခြင်းဖြစ်ကြောင်းတွစ်တာကနေရှင်းလင်းမှုပြုလုပ်လာခဲ့ရပါတယ်။ ဗန်ပါစီဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝစတင်ရာဖီယင်နုတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။ သူဟာအင်္ဂလန်တွင်ကစားစဉ်အတွင်းယူနိုက်တက်၊အာဆင်နယ်တို့နှင့်အတူ…

Sports

ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အာဂျင်တီးနားရရှိမည့်ဆုကြေး​များ

တနင်္ဂနွေနေ့ညတုန်းကလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင်ဦးဆောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမှုနဲ့အတူအာဂျင်တီးနားအသင်းဟာဆုကြေးငွေပေါင်၃၅သန်းဝန်းကျင်ရရှိလာပါမယ်။ ယင်းဆုကြေးငွေပမာဏဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကရုရှားကမ္ဘာ့ဖလားချန်ပီယံပြင်သစ်တို့ရရှိတဲ့ပမာဏထက်ပေါင်၃သန်းပိုမိုများပြားတဲ့ပမာဏဖြစ်ပါတယ်။ ဗိုလ်လုပွဲတွင်ရှုံးနိမ့်ကာဒုတိယဆုဖြင့်ကျေနပ်ခဲ့ရတဲ့ပြင်သစ်မှာချန်ပီယံအာဂျင်တီးနားထက်ပေါင်၁၀သန်းလျှော့နည်းပြီးရရှိလာပါမယ်။ အာဂျင်တီးနားနှင့်ဒုတိယရရှိတဲ့ပြင်သစ်အကြားဆုကြေးများစွာကွာဟပေမဲ့ ပြင်သစ်နဲ့တတိယရရှိတဲ့ခရိုအေးရှားအကြားဆုကြေးကွာဟမှုကကျဉ်းမြောင်းပါတယ်။ ဒုတိယရရှိတဲ့ပြင်သစ်ကဆုကြေးငွေပေါင်၂၄သန်းရရှိပြီးတတိယရရှိတဲ့ခရိုအေးရှားကပေါင်၂၂သန်းရရှိပါမယ်။စတုတ္ထရရှိတဲ့မော်ရိုကိုကလည်းပေါင်၂၁သန်းရရှိပါမယ်။ ကွာတားဖိုင်နယ်ရောက်ပေါ်တူဂီ၊ဘရာဇီး၊အင်္ဂလန်နှင့်နယ်သာလန်တို့မှာလည်းဆုကြေးငွေပေါင်၁၄သန်းရရှိပါမယ်။ ၁၆သင်းအဆင့်တွင်ကျန်ခဲ့တဲ့အသင်းများမှာလည်းပေါင်၁၁သန်းရရှိပါမယ်။အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အသင်းများမှာလည်းပေါင်၇သန်းအထိရရှိမှာဖြစ်ပါတယ်။

Sports

မက်ဆီသွင်းတဲ့အာဂျင်တီးနားဒုတိယဂိုးကိုခွင့်ပြုစရာမလိုကြောင်းသက်သေပြခဲ့တဲ့ပရိတ်သတ်များ

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှလီယွန်နယ်မက်ဆီရဲ့ဒုတိယဂိုးကိုခွင့်မပြုသင့်ကြောင်းသက်သေအထောက်အထားနှင့်တကွ မျက်စိလျှင်တဲ့ ပရိတ်သတ်များက သက်သေပြလာကြပါတယ်။ အာဂျင်တီးနားစူပါစတားဟာမနေ့ညတုန်းကပြင်သစ်ကိုအနိုင်ရရှိကာအာဂျင်တီးနားတို့တတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာပထမဂိုးကိုပင်နယ်တီမှသွင်းယူခဲ့တာဖြစ်ပြီးယင်းနောက်ဒီမာရီယာကဂိုးထပ်သွင်းခဲ့လို့၂-၀ဂိုးဖြင့်အာဂျင်တီးနားတို့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းလာမှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။ အသက်၃၅နှစ်ရှိမက်ဆီဟာအချိန်ပို၁၀၈မိနစ်တွင်မာတီနက်ဇ်ရဲ့ကန်ချက်ကိုဂိုးသမားလိုရစ်ပုတ်ထုတ်လိုက်မှုကကျလာတဲ့ဘောလုံးကိုပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယင်းအချိန်တွင်စည်းကြပ်ဒိုင်ကအလံထောင်မှုကြောင့်လူကျွံနေသလားမေးခွန်းထုတ်မှုရှိခဲ့ပါတယ်။ဒါပေမဲ့ရုပ်သံဓာတ်ပုံများအရလူကျွံနေခြင်းမရှိကြောင်းတွေ့ရပါတဘ်။ ဒါပေမဲ့ဘောလုံးပရိသတ်များကမက်ဆီရဲ့ယင်းဂိုးကိုခွင့်ပြုသင့်ကြောင်းဓာတ်ပုံအထောက်အထားနှင့်တကွာသက်သေပြလာတာဖြစ်ပါတယ်။ မက်ဆီကဂိုးထဲသို့ကန်သွင်းလိုက်ချိန်တွင်အာဂျင်တီးနားအရန်ကစားသမားနှစ်ဦးတို့ကွင်းထဲသို့ဝင်ရောက်နေမှုနဲ့အတူယင်းဂိုးကိုခွင့်မပြုသင့်ဘူးလို့ဆိုလာတာဖြစ်ပါတယ်။ယင်းသို့အရန်နှစ်ဦးကွင်းစည်းအတွင်းဝင်ရောက်မှုနဲ့အတူအာဂျင်တီးနားက၁၃ဦးဖြင့်ကစားနေတယ်လို့ယူဆရပါတယ်။ အဆိုပါပွဲတွင်မက်ဆီကဒုတိယဂိုးဖြင့်အာဂျင်တီးနားထပ်မံားဆောင်နိုင်ခဲ့ပေမဲ့ အချိန်ပိုပြီးခါနီးတွင်ဘက်ပေးကပင်နယ်တီကနေတဆင့်ချေပဂိုးထပ်သွင်းခဲ့လို့ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ဒါပေမဲ့ပင်နယ်တီအဆုံးအဖြတ်မှာတော့အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားရရှိသွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မက်ဆီရဲ့နေဝင်ချိန်တွေဟာ အလွန်လှပနေတဲ့အတွက်…

Sports

ကမ္ဘာ့ဖလားမတိုင်ခင်ကလပ်မှာထဲကပြဿနာရှိခဲ့တဲ့ဘာပေနှင့်မက်ဆီ

ကိုင်လီအမ်ဘာပေနှင့်လီယွန်နယ်မက်ဆီဟာ ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အဓိကဇာတ်လိုက်နှစ်ဦးဖြစ်ကြပါတယ်။ဒါပေမဲ့၎င်းတို့အကြားမှာလည်းအဖုအထစ်တွေကရှိနှင့်ပြီးသားဖြစ်ပါတယ်။ ယနေ့ညဗိုလ်လုပွဲထိပ်တိုက်တွေ့လာကြမဲ့မက်ဆီနှင့်ဘာပေတို့နဲ့ပတ်သက်ပြီးပြောကြဆွေးနွေးကြသူတွေအများကြီးပါ။ မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။တဖက်တွင်ဘာပေဟာလည်းကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ပြီး GOAT စာရင်းထဲဝင်ဖို့တာစူနေပါတယ်။ ဘာပေ ဟာပြီးခဲ့တဲ့မော်ရိုကိုနှင့်ဆီမီးပွဲအပြီးမှာပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်အင်္ကျီလှဲလှယ်ပြီးဥမင်လှိုဏ်ခေါင်းထဲမှာလည်းခင်ခင်မင်မင်နှင့်အချိန်အတန်ကြာစကားပြောခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ယနေ့ညဗိုလ်လုပွဲမှာတော့မက်ဆီနှင့်ဘက်ပေးတို့ရဲ့ပီအက်စ်ဂျီကစားဖော်အကြားယင်းသို့အဖြစ်အပျက်မျိုးမြင်တွေ့လာရဖို့တော့မရှိပါဘူး။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရဘက်ပေးနှင့်မက်ဆီတို့အကြားမှာပြဿနာတွေကရှိနှင့်ထားပြီးသားဖြစ်ကြောင်းသိရပါတယ်။ စပိန်သတင်းစာ El Pais ကဘာပေနှင့်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်တစ်နှစ်ကျော်ကြာတွဲကစားလာခဲ့ကြပေမဲ့လည်းပရော်ဖက်ရှင်နယ်ဆက်ဆံမှုကလွဲပြီးမပိုကြောင်းဖော်ပြလာပါတယ်။ ဘာပေဟာနေမာနှင့်အဆင်မပြေမှုနဲ့အတူ မက်ဆီနှင့်လည်းပုဂ္ဂိုလ်ရေးပိုင်းခင်မင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါ့အပြင်…

Sports

ကမ္ဘာ့ဖလားဗိုလ်လုပွဲဲနီးမှအဖျားရောဂါနဲ့ဒဏ်ရာရကစားသမားများလာလို့သောကပွေနေတဲ့ပြင်သစ်

ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရန်တစ်ရက်ကျော်မျှသာလိုတော့တဲ့အချိန်တွင်ပြင်သစ်အသင်းဟာ ဒဏ်ရာကြောင့်အနားယူနေရသူနှင့်ဖျားနေသူပမာဏတိုးမြှင့်လာပါတယ်။ ဒီဒီယာဒက်ချမ်ဟာတနင်္ဂနွေနေ့ညတွင်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါက၁၉၆၂ ဘရာဇီးနောက်ပိုင်းတွင်ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာပါမယ်။ ဒါပေမဲ့ပြင်သစ်ရင်ဆိုင်ရမဲ့အာဂျင်တီးနားတွင်လီယွန်နယ်မက်ဆီအကောင်းဆုံးပုံစံရရှိနေမှုနှင့်အတူလွယ်ကူမဲ့ပုံစံမှာမရှိပါဘူး။မက်ဆီဟာကမ္ဘာ့ဖလားဆုအပြင် Golden Ball ၊ Golden Bootကိုပါရယူလာဖို့ရှိနေပါတယ်။ ပိုပြီးတော့ဆိုးရွားတာကတော့ပြင်သစ်အသင်းဟာဗိုလ်လုပွဲမတိုင်မီဒဏ်ရာရရှိသူနှင့်နားဖျာသူအရေအတွက်တိုးလာတာဖြစ်ပါတယ်။ မော်ရိုကိုနှင့်ဆီမီးဖိုင်နယ်ပွဲမတိုင်မီအူပါမီကာနိုနှင့်ရာဘီယော့တို့ဖျားနာခဲ့သလိုကင်စလေကိုးမန်း၊ရာဖေးလ်ဗာရန်းနှင့်အီဘရာဟမ်ကိုနာတေးတို့လည်းဖျားနာလာနေကြပါတယ်။ ပြင်သစ်ဟာနေမကောင်းဖြစ်နေတဲ့ကစားသမားများကိုသီးသန့်နေထိုင်စေလျက်ရှိပါတယ်။ ဒါ့အပြင်ချူကွာမီနီနှင့်သီယိုဟာနန်ဒက်ဇ်တို့မှာလည်းဒဏ်ရာပြဿနာကြောင့် ပြင်သစ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းနိုင်ခြင်းမရှိပါဘူး။ အူပါမီကာနိုနှင့်ရာဘီယော့တို့မှာနေမကောင်းဖြစ်မှုမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူ…

Sports

မက်ဆီကိုအားပေးကြမဲ့ရော်နယ်ဒိုတို့မိသားစု

တနင်္ဂနွေမှာယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲအတွက်တော့ ရော်နယ်ဒိုတို့မိသားစုဝင်တွေအားလုံးဟာ မက်ဆီရဲ့အာဂျင်တီးနား အသင်းကိုထောက်ခံအားပေးသွားကြပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်ဟာပေါ်တူဂီကြယ်ပွင့်အတွက် စိတ်ထိခိုက်စရာနဲ့ အဆိုးရွားဆုံးလို့ဆိုရင်မှားမယ်မထင်ပါဘူး။ မျိုးဆက်သစ်ဖြစ်လာမယ့်ရင်သွေးတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်၊ ယူနိုက်တက်မှာ အရန်ခုံထိုင်ခဲ့ရတယ်၊ ပြီးတော့ သရဲနီတွေနဲ့စာချုပ်ဖျက်သိမ်းလိုက်ရတယ်၊ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာအရန်ခုံထိုင်ခဲ့ရတယ်၊…

Sports

ရော်နယ်ဒိုကိုအရန်ခုံပို့တဲ့ဖာန်ဒိုဆန်းတို့စ်ကိုထုပ်ပယ်ပြီးနည်းပြသစ်ခန့်မဲ့ပေါ်တူဂီ

ယူရို၂၀၁၆ချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့တဲ့နည်းပြဖာနန်ဒိုဆန်းတို့စ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက်ပေါ်တူဂီနည်းပြရာထူးမှ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။ ဖာနန်ဒိုဆန်းတို့စ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ကတောက်ကဆဖြစ်ခဲ့ပြီးနောက် ၁၆သင်းရှုံးထွက်အဆင့်နှင့်ကွာတားဖိုင်နယ်တို့တွင်အရန်ခုံသို့ပို့ခဲ့ပါတယ်။ ဆန်းတို့စ်ဟာတောင်ကိုရီးယားနှင့်အုပ်စုနောက်ဆုံးပွဲတွင်လူစားလဲခံရမှုအပေါ်မကျေနပ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဆွစ်ဇာလန်ကို၆-၁ဖြင့်အနိုင်ရတဲ့ပွဲမှာအရန်ခုံမှာထိုင်ခိုင်းထားခဲ့ပါတယ်။ ဒါ့အပြင်ဖာနန်ဒိုဆန်းတို့စ်ဟာမော်ရိုကိုကိုရှုံးနိမ့်တဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်းအရန်ခုံသို့ထပ်ပို့ခဲ့ပါတယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားကာတားဖိုင်နယ်မှထွက်ခဲ့ရပြီးနောက်အသင်းကိုရှစ်နှစ်ကြာဦး‌ဆောင်လာခဲ့တဲ့ဖာနန်ဒိုဆန်းတို့စ်နှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိအချိန်တွင်ပေါ်တူဂီနည်းပြရာထူးအတွက်ရိုးမားနည်းပြမော်ရင်ဟိုနှင့်လိုင်လီနည်းပြဖွန်ဆီကာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။ မနေ့တုန်းကထွက်ခဲ့တဲ့သတင်းအရပေါ်တူဂီဟာမော်ရင်ဟိုကို ပေါ်တူဂီနှင့်ရိုးမားအသင်း​အားပူးတွဲကိုင်တွယ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။  

Sports

သူတို့အသင်းကိုအနိုင်ယူသွားတဲ့ပြင်သစ်အသင်းရဲ့နည်းစနစ်ကိုဖွင့်ချသွားတဲ့မော်ရိုကိုကွင်းလယ်လူ

ပြင်သစ်ကမော်ရိုကိုအနိုင်ယူကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်အိုလီဗီယာဂျရူးအသုံးပြုခဲ့တဲ့ဗျူဟာကိုဆော့ဖ်ရမ် အမ်ရာဘက်က ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိချန်ပီယံပြင်သစ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကမြောက်အာဖရိကသားများကို၂-၀ဂိုးဖြင့်အနိုင်ကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့နှစ်ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပါတယ်။ မော်ရိုကိုအလယ်တန်းကစားသမားအမ်ရာဘက်ဟာမနေ့ညကပွဲစဉ်တွင်ပြင်သစ်တိုက်စစ်မှူးအိုလီဗီယာဂျရူးနှင့်အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အမ်ရာဘက်က “သူတို့ရဲ့တိုက်စစ်မှူး။ အိုလီဗီယာဂျရူးလေ။ကျုပ်နောက်ကိုချဉ်းလိုက်နေတယ်။ကွင်းထဲကဘယ်နေရာသွားသွားလိုက်နေတယ်။သူ့ကိုမလိုက်နဲ့ရပ်တော့လို့ပြောခဲ့တယ်။သူကတစ်ပွဲလုံးမင်းနောက်လိုက်ဖို့စီစဉ်ထားတယ်လို့ပြန်ပြောတယ်”လို့ပြောကြားသွားပါတယ်။ ပြင်သစ်ဟာသီယိုဟာနန်ဒက်ဇ်၊ရန်ဒယ်ကိုလိုမူအာနီတို့ရဲ့ဂိုးဖြင့်မော်ရိုကိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ပြင်သစ်ဟာတနင်္ဂနွေနေ့မှာ Lusail Stadium တွင်အာဂျင်တီးနားနှင့်ဗိုလ်လုပွဲကစားရပါမယ်။မော်ရိုကိုဟာလည်းစနေနေ့တွင်ခရိုအေးရှားနှင့်တတိယလုပွဲကစားရပါမယ်။