Articles by MM DAILY NEWS

Sports

အာဂျင်တီနားကမ္ဘာ့ဖလားရအောင်စနစ်တကျစီစဥ်ထားတယ်လို့စွပ်စွဲလိုက်တဲ့ဘောလုံးပရိတ်သတ်များ

ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလီယွန်နယ်မက်ဆီနှင့်အာဂျင်တီးနားအတွက်အကွက်ချလုပ်ဆောင်ထားတဲ့ပြိုင်ပွဲဖြစ်ကြောင်းဘောလုံးပရိတ်သတ်များက စွပ်စွဲနေကြပါတယ်။ အာဂျင်တီးနားဟာဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။ခရိုအေးရှားနှင့်ပွဲတွင်အာဂျင်တီးနားဟာကမ္ဘာ့ဖလားခြောက်ပွဲတွင်လေးလုံးမြောက်ပင်နယ်တီရရှိပြီးနောက်ပရိသတ်များကအထက်ပါအတိုင်းစွပ်စွဲပြောဆိုလာကြတာလည်းဖြစ်ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာအထူးခြေစွမ်းပြကစားခဲ့ပြီးပင်နယ်တီမှတဆင့်ဦးဆောင်ဂိုးသွင်းခဲ့သလိုကစားဖော်ဂျူလီယန်အယ်ဗာရက်ဇ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာခရိုအေးရှားနှင့်ပွဲတွင်ပါဝင်ကစားပြီးနောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားထားသူ(၂၆ပွဲ)၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းထားသူ(၁၂ဂိုး)၊ကမ္ဘာ့ဖလားလေးပွဲ ဂိုး/ဖန်တီးမှု ပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမား၊အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားပွဲအများဆုံးကစားထားသူစတဲ့စံချိန်သစ်လေးခုရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဘောလုံးပရိသတ်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းအာဂျင်တီးနားရရှိတဲ့ပင်နယ်တီအရေအတွက်ကြောင့် မက်ဆီနှင့်အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်အကွက်ချလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။ အာဂျင်တီးနားဟာပင်နယ်တီလေးကြိမ်ရရှိထားပြီးယင်းမှသုံးဂိုးကိုလီယွန်နယ်မက်ဆီကသွင်းယူခဲ့ပါတယ်။ မနေ့ညကပွဲတွင်အာဂျင်တီးနားဟာဂျူလီယန်အယ်ဗာရက်ဇ်ကိုခရိုအေးရှားဂိုးသမားဒိုမီနစ်ခ်လီဗာကိုဗစ်ကဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက…

Sports

အာဂျင်တီးနားကိုဖြုတ်ချဖို့ယုံကြည်ချက်ရှိတယ်ဆိုတဲ့ ခရိုအေးရှားနည်းပြ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာခရိုအေးရှားအသင်းဟာ အုပ်စုတွင်း ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ရသလိုရှုံးထွက်နဲ့ ကွာတားအဆင့်တွေမှာ ဂျပန် ဘရာဇီးအသင်းတွေကိုပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်မှာ နောက်ထပ်…

Sports

စူပါကွန်ပြူတာရဲ့ ကမ္ဘာ့ဖလားဆီမီး နှင့် ဖိုင်နယ်ဟောကိန်းများ

ကာတာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များရလဒ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲရလဒ်များကိုစူပါကွန်ပြူတာက ဟောကိန်းထုတ်ပေးလိုက်ပါပြီ။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ်အာဂျင်တီးနားနှင့်ခရိုအေးရှား၊ပြင်သစ်နှင့်မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံနေပါတယ်။ စူပါကွန်ပျူတာကကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များတွင်အာဂျင်တီးနားနှင့်ပြင်သစ်တို့အသီးသီးအနိုင်ရရှိပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်မယ်လို့ဟောကိန်းထုတ်သွားပါတယ်။ ဒီဇင်ဘာလ၁၈ရက်နေ့ Lusail Stadium ဗိုလ်လုပွဲတွင်ပြင်သစ်ကအာဂျင်တီးနားကိုအနိုင်ယူပြီးကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်သွားမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်လာပါတယ်။ တကယ်လို့များ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်သာဗိုလ်စွဲလာမယ်ဆိုရင်တော့ အီတလီ၊ဘရာဇီးတို့နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့တတိယမြောက်အသင်းဖြစ်လာပါမယ်။ ဟောကိန်းမှန်မမှန်ကိုတော့ ဘောပွဲတွေစောင့်ကြည့်ရင်း အားပေးကြပါစို့။  

Sports

ရော်နယ်ဒိုရဲ့အမြင့်ခုန်စံချိန်ကိုရိုက်ချိုးလိူက်တဲ့မော်ရိုကိုကစားသမား

မော်ရိုကိုဟာပေါ်တူဂီကို၁-၀ဂိုးဖြင့်အနိုင်ယူပြီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ထိုပွဲမှာမော်ရိုကိုအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုယူဆတ်ဖ်အန်နီဆီရီကအမြင့်ခုန်ခေါင်းတိုက်ဂိုးဖြင့်သွင်းယူသွားခဲ့ပါတယ်။ သူဟာခရစ္စတီယာနိုရော်နယ်ဒိုလိုမျိုးဂိုးနဲ့နောက်ခံလူတို့ထက်အမြင့်ခုန်ပြီးခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်။ ယခုအခါမှာတော့အန်နီဆီရီရဲ့ဂိုးကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမြင့်ခုန်ဂိုးစံချိန်ကိုရိုက်ချိုးလိုက်ပြီဖြစ်ကြောင်းအတည်ပြုနိုင်ပြီဖြစ်ပါတယ်။ မော်ရိုကိုကစားသမားဟာအမြင့်၉ပေ၊၁လက်ခခုန်ပြီးဂိုးသွင်းခဲ့ကာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်တင်အမြင့်ခုန်ဂိုးကိုရိုက်ချိုးလိုက်ပြီဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာဆမ်ဒိုးရီးယားနှင့်ပွဲမှာဂျူဗင်တပ်အတွက်၈ပေ၊၄လက်မအမြင့်ခုန်ပြီးဂိုးသွင်းယူခဲ့ပါတယ်။ ယခုအခါမော်ရိုကိုကစားသမားဟာခရစ္စတီယာနိုရော်နယ်ဒိုထက်၈လက်မပိုအမြင့်ခုန်ပြီးသွင်းယူကာစံချိန်သစ်တင်လိုက်ပြီဖြစ်ပါတယ်။ အန်နီဆီရီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာအရပ်အမြင့်၆ပေ၊၂လက်မစီတူညီကြသူတွေပါ။နှစ်ဦးလုံးတို့ဟာတူညီတဲ့အခြေအနေမျိုးကနေအံ့မခန်းအမြင့်ခုန်ပြီးခေါင်းတိုက်သွင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ကတော့ ကောင်းမွန်တဲ့ရက်သတ္တပတ်မဖြစ်ခဲ့ပါဘူး။

Sports

သူ့ရဲ့ idolကြီးရော်နယ်ဒိုရဲ့ အင်စတာဂရမ်မှာ မှတ်ချက်ဝင်ပေးတဲ့ အမ်ဘာပေ

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မကြာသေးမီက အင်စတာဂရမ်ပို့စ်မှာ မှတ်ချက်ဝင်ပေးခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ကြေကွဲဖွယ်…

Sports

ဥမင်ထဲမှာ ဝေါ်ကာကိုနှုတ်ဆက်ခဲ့ပေမဲ့ အဖတ်လုပ်မခံရလို့အရှက်ကွဲခဲ့တဲ့အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ စနေနေ့ညက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဥမင်လျှောက်လမ်းထဲမှာ အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်ကာရဲ့ ရက်ရက်စက်စက် ချေမိုးခြင်းကို ခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် သွင်းဂိုး ၅ ဂိုး သွင်းယူပြီးနောက်…

Sports

ကမ္ဘာ့ဖလားကထွက်ခဲ့ရပေမဲ့စံချိန်သစ်တစ်ခုထပ်ရခဲ့တဲ့ရော်နယ်ဒို

မော်ရိုကို ကို ပေါ်တူဂီတို့ ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲစဉ်အများဆုံးပါဝင်ကစားပေးထားတဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ကူဝိတ်တိုက်စစ်မှူး အယ်လ်-မူတာဝါရဲ့ စုစုပေါင်းပွဲအရေအတွက်ကို…

Sports

ဆီမီးဖိုင်နယ်တက်မဲ့အသင်းတွေကို​ခန့်မှန်းပေးလိုက်တဲ့ခြင်္သေ့လေး

ကာတာနိုင်ငံမှာကျင်းပတဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှိန်ကောင်းလာမှုနှင့်အတူ တိရိစ္ဆာန်လေးများရဲ့ခန့်မှန့်းမှုတွေဟာလဲ အမြဲလိုလိုပေါ်ထွက်လာပါတယ်။ ယခုလဲဘောလုံးပွဲများတွင်အနိုင်ရမဲ့အသင်းကိုမှန်ကန်စွာရွေးချယ်ထားနိုင်တဲ့ခြင်္သေ့တစ်ကောင်ဟာစနေနေ့ညတွင်အင်္ဂလန်နှင့်ပြင်သစ်တို့ရင်ဆိုင်ကစားမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုဟောကိန်းထုတ်လာပါတယ်။ ထိုင်းနိုင်ငံ၊ Khon Khaen ရှိ တိရိစ္ဆာန်ဥယျာဉ်ထိန်းသိမ်းရေးသမားများရဲ့ပြောကြားမှုအရခြင်္သေ့ Chao Boy ဟာဘောလုံးပွဲများကိုခန့်မှန်းရာတွင်၉၀ရာခိုင်နှုန်းအထိမှန်ကန်ထားသူဖြစ်ကြောင်းသိရပါတယ်။ အသက်၉နှစ်အရွယ်ရှိခြင်္သေ့ဟာကြက်ပေါင်ချည်ထားတဲ့အလံနှစ်ခုမှ…

Sports

စပိန်အသင်းနည်းပြရာထူးမှနှုတ်ထွက်သွားတဲ့လူး၀စ်အင်းနရစ်

လူးဝစ်အင်းနရစ်သည် ယခုအပတ်စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ပြီးနောက် စပိန်အသင်းနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ပေ။ စပိန်သည် ကာတာတွင် အင်္ဂါနေ့က မော်ရိုကိုကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် အင်္ဂါနေ့က ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ အသက်…

News

မက်ဆီကိုထိမ်းချုပ်ပြီးအာဂျင်တီးနားကိုအနိုင်ယူပြမယ်ဆိုတဲ့ဗန်ဟားလ်

နယ်သာလန်အသင်းက ၁၆သင်း ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် တစ်ဖက်မှာ ဩစတေးလျကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရလာတဲ့ အာဂျင်တီးနားနဲ့ကွာတားဖိုင်နယ် အဆင့်မှာ…