ဂျူဗင်တပ်တို့၁၅မှတ်ဘာလို့အလျော့ခံလိုက်ရတာလဲ

ဂျူဗင်တပ် ၁၅ မှတ် လျော့ခံလိုက်ရပါပြီ။အပြောင်းအရွှေ့ ကိစ္စတွေ ၊ ငွေကြေးသုံးစွဲမှုတွေမှာ စာရင်းလိမ်ညာပြီး ခဝါချမှုတွေ ရှိခဲ့တာကြောင့် အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်းကို ၁၅မှတ်လျော့ချဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ ပါတယ် ။

ဒီအပြစ်ဒဏ်ကို အခုရာသီမှာ သက်ရောက်စေခဲ့တာကြောင့် ဂျူဗင်တပ် တို့ အမှတ်ပေးဇယားရဲ့ အဆင့် 10 နေရာကို 22 မှတ်နဲ့ ရောက်ရှိသွားခဲ့ ပါတယ် ။

အသင်းအကြီးအကဲဟောင်းတွေလည်း အရေးယူ ခံခဲ့ကြရပြီး လက်ရှိ စပါးမှာ ဒါရိုက်တာအဖြစ် လုပ်ကိုင်နေတဲ့ ဖာဘီယို ပါရာတစ်ချီ ဟာ ဘောလုံးကနေ ၂ နှစ်ခွဲ ပိတ်ပင် ခံခဲ့ရပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*