မက်ဆီပြန်အလာကိုအမ်ဘာပေမရှိခင် ဝိုင်းကြိုဆိုကြတဲ့PSGအသင်းဖော်များ

ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့အသင်းဖော်တွေဆီကနေ ဂုဏ်ပြုဆုတံဆိပ်လက်ခံရရှိခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းချန်ပီယံဆုအတွက်သွားရာလမ်းကြောင်းတစ်လျှောက်လုံးအကောင်းဆုံးပံ့ပိုးပေးခဲ့ပြီး ၇ ဂိုးအထိသွင်းနိုင်ခဲ့တာဖြစ်တယ်။ဒါ့အပြင် သမိုင်းကြောင်းတစ်လျှောက် World Cup Playerof the Tournament ကို ၂ ကြိမ်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်ပါမှတ်တမ်းဝင်ခဲ့ပါတယ်။ အာဂျင်တီးနားဘဏ္ဍာရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဟာ သူ့ရဲ့မျက်နှာကိုပီဆို ၁၀၀၀ တန်ငွေစက္ကူပေါ်မှာ တင်ပြီး မသေနိုင်တဲ့ Messi လုပ်ဖို့စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်တယ်။

မက်ဆီအတွက်တော့ အခမ်းနားဆုံးစင်မြင့်ထက်မှာသူ့ရဲ့လွှမ်းမိုးမှုက ဂိတ်ဆုံးကိုရောက်ရှိနေခဲ့ပါပြီ။ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့နောက မက်ဆီကိုပီအက်စ်ဂျီအသင်းက အားလပ်ရက် ၁၀ ရက်ခွင့်ပြုခဲ့တာဖြစ်တယ်။

 

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့လေ့ကျင့်ရေးကွင်းကိုပြန်လည်ရောက်ရှိလာတာဖြစ်တယ်။မက်ဆီပြန်ရောက်လာတဲ့နေ့မှာ အမ်ဘာပီမရှိခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းဖော်တွေနဲ့ ဝန်ထမ်းတွေက ဘလွန်းဒီအော်စံချိန်ရှင်ပရိသတ်ရဲ့တုံ့ပြန်လာနိုင်ပုံကိုထိတ်လန့်နေတာကြောင့်မက်ဆီရဲ့တောင်းဆိုမှုကို လိုက်လျောဖို့ ဝန်လေးနေပါတယ်။

နည်းပြဂယ်လ်တီရာကတော့ မက်ဆီပြန်လာချိန်မှာပီအက်စ်ဂျီပရိသတ်တွေ နွေးထွေးမှုအပြည့်နဲ့ကြိုဆိုလိမ့်မယ်လို့ယုံကြည်နေပါတယ်။ “သေချာတာကတော့ အိမ်ပြန်လာတာဖြစ်လို့ကောင်းကောင်းလက်ခံလိမ့်မယ်။ Parc des Princes ကွင်းထဲကပရိသတ်တွေဟာ သူ့ကိုလက်ခံမယ်ဆိုတာနဲ့ပက်သတ်လို့သံသယမရှိပါဘူး။ သူဟာ ဒီကမ္ဘာ့ဖလားမှာအလွန်ကောင်းမွန်ပြီးဆုဖလားကိုအလှပဆုံးရယူခဲ့တယ်။ မယုံကြည်နိုင်လောက်စရာအခြေအနေကို သူရောက်နေပြီဖြစ်သလို အသင်းနဲ့အတူရာသီအစက သူလုပ်ခဲ့တာတွေကိုလည်း ကျွန်တော်တို့အမှတ်ရနေမှာပါ” လို့ နည်းပြ ဂယ်လ်တီရာက ဆိုခဲ့ပါတယ်

 

Be the first to comment

Leave a comment

Your email address will not be published.


*