နိုက်ကလပ်မှာဆော်တစ်ဗွေကိုသွားနှိုက်မိလို့အစစ်ဆေးခံရတော့မဲ့ အဲလ်ဗက်

နိုက်ကလပ်တစ်ခုတွင်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုဖြစ်ပျက်ခဲ့ပြီးနောက်ဘာစီလိုနာစတားဟောင်းဒင်နီလ်အဲလ်ဗက်စ်အပါအဝင်လူများကိုဘာစီလိုနာရဲတပ်ဖွဲ့ဝင်များဟာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

စပိန်နေ့စဉ်သတင်းစာ ABC ရဲ့ဖော်ပြမှုအရအနိုင်ကျင့်ခံရသူအမျိုးသမီးဟာဘာစီလိုနာမြို့လည်ခေါင်ရှိ နာမည်ကျော်နိုက်ကလပ်တစ်ခုတွင်အတွင်းဘောင်းဘီထဲသို့အမျိုးသားတစ်ဦးရဲ့နှိုက်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ယင်းနိုက်ကလပ်မှာဘာစီလိုနာရှိနာမည်ကျော်ကလပ်တစ်ခုဖြစ်ပြီးနာမည်ကျော်ကြားသူများလာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။
သူမဟာအတွင်းဘောင်းဘီထဲသို့အနှိုက်ခံရပြီးနောက် အဲဗက်စ်ကိုလက်ညှိုးထိုးခဲ့ပြီးနောက် သူမရဲ့သူငယ်ချင်းများမှတဆင့်လုံခြုံရေးကိုအကြောင်းကြားခဲ့ပါတယ်။

အထက်ပါအဖြစ်အပျက်မှာပြီးခဲ့တဲ့သောကြာနေ့နံနက်၅နာရီဝန်းကျင်တွင်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်တွင်ယင်းအမျိုးသမီးကရဲစခန်းတွင်တရားဝင်အမှုဖွင့်ထားခြင်းမရှိသေးပါဘူး။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်များကယင်းအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးနေပါတယ်။အဲဗက်စ်ဟာလည်းစုံစမ်းမှုထဲတွင်ပါဝင်နေပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်များရဲ့မေးခွန်းထုတ်ခြင်းတော့မခံရသေးပါဘူး။

 

အဲဗက်စ်ဟာပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကဘရာဇီးရဲ့အသက်အကြီးဆုံးကစားသမားအဖြစ်ဝင်ခဲ့သူဖြစ်ပြီးမက္ကဆီကိုကလပ်UNAM Pumasတွင်ကစားနေသူဖြစ်ပါတယ်။အသက်ကြီးမှလက်ကမြင်းမိတဲ့ အဲလ်ဗက်တစ်ယောက်ဘာတွေရင်ဆိုင်ရအုံးမလဲစောင့်ကြည့်ရပါအုန်းမယ်။

Be the first to comment

Leave a comment

Your email address will not be published.


*