လာမယ့်သမ္မတရွေးကောက်ပွဲမှာ အာဂျင်တီးနားပြည်သူတွေဟာ လီယွန်နယ်မက်ဆီကိုမဲပေးသွားဖို့ရှိနေပါတယ်။ မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိကဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၂၂ မှာ အာဂျင်တီးနားအတွက်၃၆နှစ် ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါအရယူပေးနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ မက်ဆီရဲ့ကြိုးစားအားထုတ်မှုတွေက အာဂျင်တိုင်းသားတွေအတွက်ဂုဏ်ယူစရာဖြစ်နေသလို သမ္မတလောင်းစာရင်းမှာလည်းထိပ်ဆုံးကဦးဆောင်ထားနိုင်ပြီဖြစ်တယ်။ ကမ္ဘာ့ချန်ပီယံဆုပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် မက်ဆီဟာ အမိမြေမှာအောင်ပွဲခံမှုတွေဆက်တိုက်ပြုလုပ်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း တူမဖြစ်သူရဲ့၁၅ နှစ်မြောက်မွေးနေ့ပွဲကိုပျော်ရွှင်စွာ ကျင်းပခဲ့ပါသေးတယ်။
လက်ရှိမှာတော့ မက်ဆီကို အာဂျင်တိုင်းသားတွေက ကိုးကွယ်နေကြသလိုနောက်ထပ်သမ္မတဖြစ်လာနိုင်သလားဆိုပြီး လူပေါင်း ၂၅၀၀ ဆီကနေစစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီလိုအချိန်မှာတော့ ၄၃.၇ ရာခိုင်နှုန်းက‘yes’ လို့အဖြေပေးခဲ့ပြီး ၃၇.၈ ရာခိုင်နှုန်းက ‘no’ လုပ်ခဲ့သလို၁၇.၅ ရာခိုင်နှုန်းကတော့ ‘ဖြစ်နိုင်ပါတယ်’ လို့ ကြားနေပေးခဲ့ပါတယ်။
ဒုတိယစစ်တမ်းတစ်ခုမှာတော့ လက်ရှိသမ္မတ အဲလ်ဗာတိုဖာနန်ဒက်ဇ်အပါအဝင်အခြားသော သမ္မတလောင်းတွေကြားမှာ မက်ဆီကိုနေရာပေးခဲ့ပါတယ်။ မက်ဆီဟာ သမ္မတဟောင်း ခရစ္စတီနာကီရက်ရှ်နာအပါအဝင် အခြားသောကိုယ်စားလှယ်လောင်းတွေကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်တယ်။ အားလုံးကိုခြုံကြည့်မယ်ဆိုရင်တော့မက်ဆီဟာ မဲစုစုပေါင်းရဲ့ ၃၆.၇ ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပြီးလက်ရှိနိုင်ငံ့ခေါင်းဆောင် ဖာနန်ဒက်ဇ်ထက် ၂၄.၇ ရာခိုင်နှုန်းအထိအသာရခဲ့တာဖြစ်တယ်။ဘောလုံးလောကကိုစွန့်ခွါပြီး မက်ဆီတစ်ယောက် နိုင်ငံရေးလောကထဲ ကိုဝင်ရောက်သွားမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Be the first to comment