ဂတ်ပိုကိုလီဗာပူးထံလက်လွှတ်လိုက်ရလို့မန်ယူဘုတ်အဖွဲ့ကိုပေါက်ကွဲနေတဲ့ ပရိတ်သတ်များ

ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးထံသို့ သူတို့ရဲ့အဓိကပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီနဲ့နယ်သာလန်တိုက်စစ်မှူး ကိုဒီဂတ်ပိုကို လက်လွှတ်လိုက်ရပြီးနောက်ယူနိုက်တက်ပရိတ်သတ်များဟာမန်ယူ ဘုတ် အဖွဲ့ကိုအကြီးအကျယ်ဒေါသထွက်နေကြပါတယ်။

ဂတ်ပိုဟာနွေရာသီကတည်းကယူနိုက်တက်ရဲ့ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပြီးဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အိုးထရက်ဖို့ဒ်သို့ရောက်လာမယ်လို့ယူဆခြင်းခံထားရသူဖြစ်ပါတယ်။

အထူးသဖြင့်ယူနိုက်တက်ဟာကမ္ဘာ့ဖလားမတိုင်မီခရစ္စတီယာနိုရော်နယ်ဒိုကိုဆုံးရှုံးခဲ့ရရာကိုဒီဂတ်ပိုမှာယူနိုက်တက်သို့သေချာပေါက်ရောက်လာမဲ့သူလို့ပရိသတ်များယုံကြည်နေခဲ့ကြပါတယ်။

ဒါပေမဲ့လီဗာပူးဟာယူနိုက်တက်ကိုနှပ်ချကာဂတ်ပိုအားပေါင်၃၇သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဗွီကဂတ်ပိုရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးလီဗာပူးနှင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း၊ကစားသမားမှာမကြာမီအင်္ဂလန်သို့သွားရောက်ကာဆေးစစ်မှုခံယူပြီးအပြောင်းအရွှေ့အပြီးသတ်သွားမှာဖြစ်ကြောင်းကြေညာသွားပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာဂတ်ပိုကိုဆုံးရှုံးလိုက်ရမှုအတွက်ဘုတ်အဖွဲ့ကိုအကြီးအကျယ်ဒေါသထွက်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ဂတ်ပိုကိုမခေါ်ယူလိုက်နိုင်တာအကြီးမားဆုံးအမှားဖြစ်လာလိမ့်မယ်။ဒီဘုတ်အဖွဲ့ကရယ်စရာပဲ။ကလပ်ကိုရောင်းချမဲ့ အချိန်ကိုမစောင့်နိုင်အောင်ဖြစ်နေပြီ”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း တန်ဟက်ကဂတ်ပိုကိုအရမ်းလိုချင်တယ်။ပိုင်ရှင်တွေကတော့သူ့ကိုနောက်ထပ်တစ်ခါထိုးကျွေးလိုက်ပြန်ပြီ။ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲဗျာလို့ဆိုသွားပါတယ်။

ကိုဒီဂတ်ပိုဟာယခုရာသီတွင်ပီအက်စ်ဗွီအတွက်ဒတ်ချ်အဆင့်မြင့်တန်းလိဂ်တွင်၁၄ပွဲကစားထားရာမှာ၉ဂိုးသွင်းပြီး၁၂ကြိမ်ဖန်တီးထားသူဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းအုပ်စုပွဲသုံးပွဲဆက်ဂိုးသွင်းကာပထမဆုံးကမ္ဘာ့ဖလားပွဲသုံးပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးနယ်သာလန်ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ဂတ်ပိုဟာ လီဗာပူးမှာတောက်ပလာပါက ယူနိုက်တက်ပရိတ်သတ်များပိုများဒေါသဖြစ်စေတော့မှာပါ။

 

Be the first to comment

Leave a comment

Your email address will not be published.


*