ပရိတ်သတ်နှစ်သိန်းကျော်ကအာဂျင်တီးနားနှင့်ပြင်သစ်ပွဲပြန်ကစားပေးရန်လက်မှတ်ထိုးတောင်းဆို

အာဂျင်တီးနားနှင့် ပြင်သစ် တို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြန်ကစားရန် လက်မှတ်ထိုးတောင်းဆိုသူ ၂ သိန်းနီးပါးကဖီဖာထံသို့ထိုးတောင်းဆိုမှုပြုလုပ်လာပါတယ်။

တနင်္ဂနွေနေ့တုန်းကကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကမ္ဘာ့ဖလားဗိုလ်လုပအာဂျင်တီးနားဟာပထမပိုင်းတွင်မက်ဆီ၊ဒီမာရီယာတို့ရဲ့ဂိုးများဖြ

 

အာဂျင်တီးနားဟာပထမပိုင်းတွင်မက်ဆီ၊ဒီမာရီယာတို့ရဲ့ဂိုးများဖြင့်ဦးဆောင်နိုင်ခဲ့ပြီးပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းခဲ့မှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။အချိန်ပိုတွင်မက်ဆီကအာဂျင်တီးနားအတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်ဘက်ပေးကပင်နယ်တီတဆင့်ပြန်လည်ချေပခဲ့လို့ ပင်နယ်တီကန်ခဲ့ရပါတယ်။ပင်နယ်တီအဆုံးအဖြတ်တွင်အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ဘောလုံးပရိသတ်များကပြင်သစ်-အာဂျင်တီးနားပွဲမှအာဂျင်တီးနားဘက်သို့ပေးခဲ့တဲ့ပင်နယ်တီမှာမျှတခြင်းမရှိသလိုဒီမာရီယာဒုတိယဂိုးမသွင်းမီဘက်ပေးပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်ဆိုပြီး ယင်းပွဲကိုပြန်ကန်ရန်လက်မှတ်ထိုးတောင်းဆိုလာပါတယ်။

ယခုအခါပြင်သစ်နှင့်အာဂျင်တီးနားပွဲကိုပြန်ကစားရန်လက်မှတ်ထိုးတောင်းဆိုသူ၂သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။

ယင်းလက်မှတ်ထိုးတောင်းဆိုမှုမှာနာမည်ကြီးနေပေမဲ့လည်း ပြင်သစ်နှင့်အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲပြန်ကစားဖို့ဆိုတာတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

 

Be the first to comment

Leave a comment

Your email address will not be published.


*