ကမ္ဘာ့ဖလားစတားအန်ဇိုဖာနန်ဒက်စ်အားခေါ်ယူလိုပါကစာချုပ်ပါအချက်အတိုင်းစာချုပ်ဖျက်သိမ်းကြေးပေးမှသာလျှင်ဘဘင်ဖီကာအသင်းက ရောင်းချသွားမှာဖြစ်ကြောင်းသိရပါတယ်။
အလယ်အလယအလယ်အတိုက်စစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားအသင်းချန်ပီယံဖြစ်လာအောင်အဓိကနေရာမှကူညီခဲ့သူတစ်ဦးဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့လီဗာပူးနှင့်ယူနိုက်တက်တို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းကအန်ဇိုဖာနန်ဒက်စ်ကိုစောင့်ကြည့်လာခဲ့ကြတဲ့အသင်းများဖြစ်ကြပါတယ်။
ဒါပေမဲ့ဘင်ဖီကာဟာသူတို့ရဲ့ကမ္ဘာ့ဖလားစတားကိုစာချုပ်တွင်ထည့်သွင်းချုပ်ဆိုထားတဲ့စာချုပ်သိမ်းကြေးပေါင်၁၀၅သန်းပေးမှသာလျှင်ထွက်ခွာခွင့်ပေးလာပါမယ်။
အဆိုပါပမာဏမှာလီဗာပူးနှင့်ယူနိုက်တက်တို့အတွက်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်နေပါတယ်။လီဗာပူးဟာနွေရာသီတုန်းကဒါဝင်နူနက်ဇ်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၅သန်းဖြင့်ခေါ်ယူခဲ့ရတာဖြစ်ပြီးယူနိုက်တက်မှာလည်းပေါလ်ပေါ့ဘာကိုပေါင်၈၉သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘယ်အသင်းကအရခေါ်သွားနိုင်မလဲတော့ စောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment